ဆီကုန်ရကျိုးနပ်တယ်ဆိုတာ ဘယ်လို တိုင်းတာကြသလဲ
လောင်စာဆီ ကုန်သလောက် ခရီးများများပေါက်ရင် ဆီစားသက်သာတယ်လို့ ပြောကြတယ်။ ဆီစားသက်သာတာကို ဆီကုန်ရကျိုးနပ်ခြင်း fuel-efficiency ဖြင့် တိုင်းတာကြတယ်။
လောင်စာဆီ ၁ လီတာ သုံးရင် ကီလိုမီတာ ဘယ်လောက်အထိ မောင်းလို့ ရသလဲ ဆိုတဲ့ ဆီစားနှုန်းကို မူတည်ပြီး မဆုံးဖြတ်ဘူး။
ကီလိုမီတာ ၁၀၀ သွားရဖို့ ဆီ ဘယ်နှလီတာ ကုန်သလဲ (litres/100km) ဆိုတာအရ နှိုင်းယဉ်ပြီး fuel-efficiency ကို အဖြေထုတ်ကြပါတယ်။
ဥပမာ 6-litres/100km
၁ လီတာအတွက် ပျမ်းမျှချကြည့်ရင် ဆီစားနှုန်း 16.5km/1-litre ရပါတယ်။
၁၀၀ ကီလိုမီတာ သွားဖို့ ကုန်တဲ့ဆီ လီတာ နည်းလေ ဆီတွက်ခြေကိုက်လေ ပါပဲ။ ‘fuel economy’ ပိုကောင်းလေ ပါပဲ။
ဓာတ်ဆီနှင့် ဒီဇယ်ဆီ လောင်စာဆီ နှစ်မျိုးရှိတဲ့အနက် အိမ်စီးကားတွေမှာ ဓာတ်ဆီကို ပိုအသုံးများကြပါတယ်။
ဒီဇယ်ကို ထရပ်ကားတွေ ဘတ်စ်ကားေတွ စသဖြင့် ကားအကြီးစားတွေမှာ သုံးကြပါတယ်။
ဓာတ်ဆီအင်ဂျင်နှင့် ဒီဇယ်အင်ဂျင် နှစ်မျိုး ရှိတာမှာ ဒီဇယ် အင်ဂျင်တွေက ဓာတ်ဆီအင်ဂျင်တွေထက် ကုန်ရကျိုးနပ်ခြင်း fuel-efficiency ပိုကောင်းကြပါတယ်။
ဆီဖိုးကို ကြည့်ရင်တော့ ဒီဇယ် က ဓာတ်ဆီထက် ဈေးပိုပေးရပါတယ်။
ရောင်းဈေးအရ ယှဉ်ကြည့်ရင် LPG က အသက်သာဆုံးဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့အတွက် အင်ဂျင် သီးသန့်တပ်ဆင် သုံးစွဲခြင်း မပြုပါဘူး။ လောင်စာဆီအင်ဂျက်ကိုပဲ ဂက်စ်ဖြင့် မောင်းလို့ရအောင် ပြုပြင်သုံးစွဲကြပါတယ်။ fuel-efficiency မမြင့်မားပေမဲ့လည်း ရောင်းဈေးက သက်သာနေလို့ fuel-efficiency ကို ထည့်မစဉ်းစားတော့ဘူး။