ဆီစားသက်သာအောင် ဘယ်လိုမောင်းမလဲ


ဆီစားသက်သာအောင် ဘယ်လိုမောင်းမလဲ

ကားတစ်စီး ဆီစားနှုန်းကို ပြောဆိုကြရာမှာ ဘေုယျနှုန်းထားကိုသာ ပြောဆိုကြရခြင်းဖြစ်ပါတယ်။ လောင်စာဆီစားနှုန်းက ကားမောင်းပုံမောင်းနည်းနှင့် ကားရဲ့ အခြေအနေတို့ အပေါ်မူတည်တဲ့အပြင် လောင်စာဆီရဲ့ အခြေအနေ အပေါ်မှာလည်း မူတည်ပါတယ်။ အင်ဂျင်ပိုင်းမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ မဖြစ်ရင် ဆီပိုစားမှာ ဖြစ်ပါတယ်။ ဉပမာ စပတ်ပလတ် တစ်လုံးက ကောင်းကောင်း အလုပ်မလုပ် ညာနေတယ်ဆိုရင် အင်ဂျင်က လောင်စာဆီကို ပြည့်ပြည့်ဝဝ မသုံးနိုင်တော့ဘဲ ဆီပိုစားမှာ ဖြစ်ပါတယ်။ ကားတာယာ လေပေါင်ချိန် စံမကိုက်ရင်လည်း ယက်အား အကောင်းဆုံး အခြေနေကို မရလို့ ဆီစား မှာ ဖြစ်ပါတယ်။ 

အခြေအနေများကို ကံသေကံမ ပြောမရတာကြောင့် အကြမ်းအားဖြင့်သာ ဆီစားနှုန်းကို ပြောဆိုကြပါတယ်။ 
 

  • ကားမောင်းတဲ့အခါ အရှိန်တင်ရင် ဆီပိုစားးတယ်။
  • ကုန်းတက် ရုန်းတက်ရရင် ဆီပိုစားတယ်။
  • ကားက အိုနေရင် ဆီပိုစားတယ်။
  • ရာသီဉတု အခြေအနေကြောင့်လည်း ဆီပိုစားတာ ရှိပါတယ်။
  • လေအေးပေးစက် ဖွင့်ထားရင် ဆီစားတယ်။
  • လေးဘီးယက်ဖြင့် မောင်းနှင်ရင် နှစ်ဘီးယက်ထက် ဆီပိုစားတယ်။

တချို့ကားအသစ်ကျပ်ချွတ်တွေက ဆီပိုစားတယ်။ ကီလိုမီတာ ၆,၀၀၀ ~ ၁၀,၀၀၀ မောင်းနှင်ပြီးချိန်ကျမှ ဆီစား အသက်သာဆုံး အခြေအနေကို အင်ဂျင်က ရရှိသွားပါတယ်။


ကားတစ်စီးကို မောင်းနှင်သူအဖို့ ဆီစားစေတဲ့ အချက်အလက်များအနက် ကားမောင်းပုံမောင်းနည်း အပိုင်းမှာ ဆီကုန်သက်သာအောင် ဆင်ဆင်ခြင်ခြင်မောင်းနှင်နိုင်ပါတယ်။

အရှိန်တင်ရင် မှန်တန်းဖြင့် တင်ပါ။
ကားကို ရပ်လိုက် မောင်းလိုက်ဖြင့် မြို့ထဲလမ်းတွေမှာ မောင်းရတဲ့အခါ လီဗာနင်းရင် ညင်သာပါစေ။

အရှိန်တက်လိုက် လျှော့လိုက် မလုပ်ပါနှင့်။

လီဗာနင်းရင် ဆီပိုကုန်တယ်။ ဆီဖိုး ပိုကုန်မယ်။ ပိုက်ဆံ ပိုကုန်မယ်။ လမ်းရှင်းတဲ့ နေရာမျိုးတွေမှာ အလျင်တသမတ်တည်းဖြင့် မောင်းနှင်ပေးပါ။
ဥပမာအားဖြင့် တနာရီ ၇၅ နှင့် ၈၅ ကီလိုမီတာ ကြား အရှိန်တင်တာ လျှော့တာလုပ်တယ်ဆိုရင် ၁၈ စက္ကန့်ကြာတိုင်း ဆီက ၂၀% ပိုစားပါတယ်။ 

အဝေး‌ေပြးလမ်း‌ေပါ်မှာ အခြေအနေပေးရင် cruise control သုံးပါ။ 

 ယာဉ်ကြော အချောင်အကျပ် ဆန်းစစ်ပါ။ အချိန်အားဖြင့်ဖြစ်စေ၊ နေရာအားဖြင့် ဖြစ်စေ ရှောင်လွဲပါ။ 
ဂူးဂဲမြေပုံမှာ ယာဉ်ကြော အချောင်အကျပ်ကို အစိမ်း အဝါ အနီတို့ဖြင့် အရောင်ခြယ်ပြပေးပါတယ်။ နီနေတဲ့နေရာ ရှည်လျားနေရင် ရှောင်ကွင်း မောင်းနှင်နိုင်မယ့် လမ်းကြောင်းကို ရွေးချယ်ပါ။ ဖြစ်နိုင်ရင် ယာဉ်ကြောကျပ်လေ့ကျပ်ထ ရှိတဲ့ အချိန်တွေ ရှောင်လွှဲပါ။ ဥပမာ ကျောင်းလွှတ်ချိန်၊ ဈေးသိမ်းချိန်တို့မှာ ကျောင်းနား၊ ဈေးနား လမ်းတွေမှာ ကားတွေ ပိတ်ကျပ်နေတတ်ပါတယ်။
တစ်နာရီ စောထွက်လိုက်တာ၊ တစ်နာရီနောက်ကျပေးလိုက်တာ စသဖြင့် အချိန်လွှဲပါ။ 


 မြန်နှုန်းမြင့်မြင့်ကို မမောင်းပါနှင့်။
မိုင်နှုန်းကန့်သတ်ချက်ကို လိုက်နာပါ။ အမှုလည်း ကင်းမယ်။ ဆီစားလည်း သက်သာမယ်။
ဗင်၊ ဆီဒင်၊ ပစ်ကပ်၊ SUV စတဲ့ကား အများစုကိုဆီစားသက်သာဇုန်အဖြစ် တစ်နာရီ ကီလိုမီတာ ၅၀ နှင့် ၈၀ ကြားမှာ မောင်းနှင်ရင် ဆီစားသက်သာစေဖို့ ဒီဇိုင်းထုတ်ပေးထားလေ့ရှိပါတယ်။ အဲဒီ ဆီစားသက်သာဇုန်ထက် ပိုမြန်ရင် မြန်သလို ဆီအုပ်ပါတယ်။ 

ဥပမာအားဖြင့် တစ်နာရီကီလိုမီတာ ၁၂၀ ဖြင့် မောင်းရင် တစ်နာရီ ကီလိုမီတာ ၁၀၀ ဖြင့် မောင်းနှင်တာထက် ဆီပိုကုန်မှာ ဖြစ်ပါတယ်။
မြန်မြန်ရောက်အောင် သွားဖို့မလိုအပ်ရင် မြန်မြန် မမောင်းခြင်းဖြင့် ဆီစားသက်သာစေမှာ ဖြစ်ပါတယ်။

 

 

Read 835 times