ထိုင်းနိုင်ငံသားများ လောင်စာဆီ ကုန်ကျစရိတ်ကြောင့် အီးဗီ ဝယ်စီးဟု စစ်တမ်း ဖော်ပြ


ထိုင်းနိုင်ငံသားများ လောင်စာဆီ ကုန်ကျစရိတ်ကြောင့် အီးဗီ ဝယ်စီးဟု စစ်တမ်း ဖော်ပြ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံမှ မော်တော်ယာဉ် အသုံးပြုသူများသည် လောင်စာဆီ ကုန်ကျစရိတ်ကြောင့် လျှပ်စစ်မော်တော်ယာဉ်ကို သုံးစွဲသည်ဟု ဖြေဆိုကြကြောင်း မကြာသေးခင်က စစ်တမ်းအရ သိရသည်။ 

 

National Institute of Development Administration (NIDA)နှင့်  အီးဗီထုတ်လုပ်သူ   Great Wall Motor  (GWM)တို့က အသက် ၃၀-၆၀ အတွင်းရှိသူ ၁,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့သည်။ 

၎င်းတို့တွင် ၂၀၀ သည် အီးဗီကို ပိုင်ဆိုင်ကြသည်။

ကျန်သည့် ၈၀၀ သည် လောင်စာဆီ အင်ဂျင်ကားကို  ပိုင်ဆိုင်ထားသည်။ 

 

အီးဗီ ပြောင်းစီးသူတို့တွင် ၃၄.၁% က ဖြေဆိုရာတွင် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်က ဓာတ်ဆီဖိုး ကုန်ကျစရိတ်ထက် သက်သာသောကြောင့် အီးဗီ ဝယ်စီးဖြစ်သည်ဟု ဖြေကြားကြသည်။ 

သဘာဝ ပတ်ဝန်းကျင် ပိုကောင်းစေဖို့ အီးဗီ ဝယ်စီးကြောင်း ဖြေဆိုသူ ၁၈.၉% ရှိသည်။ 

 

လောင်စာဆီအင်ဂျင်ကားကို  စီးနေကြသူတို့တွင် ၈၁.၃% က နောင်တချိန်တွင် အီးဗီ ပြောင်းစီးရန် စိတ်ဝင်စားကြောင်း ဖြေကြားကြသည်။ ထိုသို့ စိတ်ဝင်စားရသည့် အကြောင်းရင်းများမှာ လောင်စာဆီဖိုး ကုန်ကျစရိတ်ထက် သက်သာခြင်းကြောင့်ဟု ဖြေဆိုသူ ၈၉.၄% ရှိသည်။ သဘာဝပတ်ဝန်းကျင် ပိုကောင်းစေဖို့ဟု ဖြေကြားသူ ၇၂.၃%  ရှိသည်။ အီးဗီတွင် ခေတ်ပေါ် နည်းပညာများ ပါသောကြောင့်ဟု ဖြေဆိုသူ ၄၉.၉% ရှိသည်။ 

 

မည်သို့သော အီးဗီ အမျိုးအစားကို ဝယ်စီးဖို့ စိတ်ဝင်စားသနည်းဟု မေးမြန်းသည့် မေးခွန်းကို ဖြေကြားရာတွင် ဘက်ထရီသုံး အီးဗီကို စိတ်ဝင်စားသူ ၆၄.၈%၊ ဟိုက်ဘရစ် အီးဗီ စိတ်ဝင်စားသူ ၂၂.၂%၊ ပလပ်ထိုးဟိုက်ဘရစ် အီးဗီ စိတ်ဝင်စားသူ ၁၃% ရှိပါသည်။ 

 

မည်သို့သော အီးဗီ ပုံစံ အမျိုးအစားကို စိတ်ဝင်စားကြောင်း မေးမြန်းရာတွင် ဆီဒင် အီးဗီကို စိတ်ဝင်စားသူ ၆၃.၆% ၊ SUV sport utility vehicle စိတ်ဝင်စားသူ  ၂၇.၈% ၊ ပစ်ကပ်ထရပ် စိတ်ဝင်စားသူ ၅.၁%၊ ပစ်ကပ်အိမ်စီးကား စိတ်ဝင်စားသူ ၃.၅% ရှိပါသည်။ 

 

နောင်တချိန်တွင် အီးဗီ ဝယ်ရန် စိတ်ကူးရှိသူများတွင် အများစုသည် လာမည့် သုံးလေးနှစ်အတွင်း ဝယ်ရန် ရည်မှန်းထားပြီး ဈေးနှုန်း ဘတ် ၇၀၀,၀၀ - ဘတ် ၉၀၀,၀၀ အတွင်းရှိ အီးဗီကို ဝယ်ရန် ရည်ရွယ်ထားသည်။  တရုတ်အီးဗီ အမှတ်တံဆိပ်  ဝယ်ဖို့ စိတ်ကူးရှိသူ ၈၃.၁% ရှိသည်။ 

 

လောင်စာဆီကား စီးနေသူ ဖြစ်ပြီး အီးဗီသို့ ပြောင်းရန် ဝန်လေးနေသူများတွင် ၆၆% သည် ဘေးကင်းရေးကို စိုးရိမ်သည်ဟု ဖြေဆိုသည်။ ၅၀.၇% က အားသွင်းရုံ မရှိသည့် နေရာများက ပိုများနေသောကြောင့် ဖြေဆိုသည်။  ၄၀% က အားသွင်းချိန် ကြာလွန်းသောကြောင့်ဟု ဖြေဆိုသူ ၄၀% ရှိပါသည်။

 

Source thenationthailand


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 300 times