အိုလံပစ်ပွဲကျန် ဟိုက်ဒရိုဂျင်ပါဝါသုံးဘတ်စ်ကားများ ပြေးဆွဲ


အိုလံပစ်ပွဲကျန် ဟိုက်ဒရိုဂျင်ပါဝါသုံးဘတ်စ်ကားများ ပြေးဆွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပခဲ့စဉ်က အတူပါဝင်ခဲ့သည့် ဟူပေးပြည်နယ် ကျန်းကျားကိုမြို့မှာ အားကစားသမားများ အပို့အကြိုအတွက် ဟိုက်ဒရိုဂျင်ပါဝါသုံးဘတ်စ်ကားများကို သုံးစွဲခဲ့ပါသည်။

တစ်နှစ်နီးပါးကြာပြီးချိန်မှာ အိုလံပစ်ပွဲကျန် ဟိုက်ဒရိုဂျင်ပါဝါသုံးဘတ်စ်ကား ၄၄၄ စီးတို့သည် အများပြည်သူ ပို့ဆောင်ရေးအတွက် ပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်းများတွင် ပါဝင် ပြေးဆွဲနေကြပါသည်။ ဘတ်စ်ကားလိုင်းများက ဟိုက်ဒရိုဂျင်ပါဝါသုံးဘတ်စ်ကားများကို အခြားဘတ်စ်အမျိုးအစားထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ အကြောင်းမှာ ကုန်းမြင့်ဒေသတွင် တည်ရှိသော ကျန်းကျားကိုမြို့၏ ဆောင်းရာသီနှင့် အဆင်ပြေအောင် မွမ်းမံပေးထားသောကြောင့် ဖြစ်သည်။

အေးခဲနေသည့် ဆောင်းရာသီတွင် ကားကို စက်နှိုးရသည်မှာ လွယ်ကူမြန်ဆန်သည်။ ကုန်းမြင့်ဒေသ အအေးချိန် အနုတ် ၃၀ ဒီဂရီ စဲစီးယပ်စ်တွင် အင်ဂျင်တစ်ခုလုံး အေးစက်နေသော်လည်း စက်နှိုးသည့်အခါ နိုးဖို့ လွယ်ကူမြန်ဆန်သည်။

ဟိုက်ဒရိုဂျင်သည် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အပါအဝင် မူလစွမ်းအင်ရင်းမြစ် အမျိုးမျိုးမှ ထုတ်လုပ်နိုင်ပြီး ဓာတ်အားထုတ်လုပ်ခြင်းဖြင့်လည်း ထုတ်လုပ်နိုင်သည်။
တိုက်နေသောလေနှင့် နေရောင်ခြည် စွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်လုပ်သော ဟိုက်ဒရိုဂျင်ကို "စိမ်းလန်း ဟိုက်ဒရိုဂျင်"ဟု ခေါ်ဝေါ်ကြသည်။ သဘာဝ ပတ်ဝန်းကျင်နှင့် မိတ်ဖက်အကျဆုံး နည်းလမ်းဖြစ်သည်။

ကျန်းကျားကိုမြို့တွင် တိုက်နေသောလေနှင့် ဆိုလာစွမ်းအင် ရင်းမြစ်များ ပေါကြွယ်ဝသည်ကို အခွင့်ကောင်းယူပြီး ဟိုက်ဒရိုဂျင်ဘတ်စ်များ သုံးစွဲခြင်းဖြစ်ကြောင်း Zhangjiakou Hydrogen Energy and Renewable Energy Research Institute မှ အမှုဆောင်ဒါရိုက်တာ Wang Hewu က ပြောကြားသည်။

ဟိုက်ဒရိုဂျင်လောင်စာသုံးယာဉ်များအသုံးပြုခြင်း၏ အဓိကစိန်ခေါ်မှုမှာ ဘေးထွက်ပစ္စည်း ရေပြဿနာကို ဖြေရှင်းခြင်းဖြစ်သည်ဟု Wang မှပြောကြားခဲ့သည်။
အပူချိန်နိမ့်ခြင်းကြောင့် ရေအေးခဲသွားပြီး ဘက်ထရီစနစ်၏ စွမ်းဆောင်ရည်ကို ကျဆင်းစေသည်။

 Zhangjiakou Hydrogen Energy and Renewable Energy Research Institute သည် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်ရေးမှသည် မြို့တွင်းအသုံးချမှုအထိ လုပ်ငန်းစဉ်များကို ခြေရာခံနိုင်ရန် ကွင်းဆက်သတင်းအချက်အလက် စောင့်ကြည့်ရေးစနစ်တစ်ခုလုံးကို တည်ဆောက်ရာတွင် ဦးဆောင်ပါသည်။

ဟိုက်ဒရိုဂျင်စွမ်းအင်နယ်ပယ်တွင် ထိပ်တန်းလုပ်ငန်းဖြစ်ပြီး  ဟူပေးပြည်နယ် အခြေစိုက် လုပ်ငန်းတစ်ခုဖြစ်သည့် SinoHytec Power Technology Co. Ltd က အပူချိန်နိမ့်နေသည့်အခါ လောင်စာဆဲလ်များ အမြန်စတင်နိုင်စေခြင်း ကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးဖို့ တာဝန်ယူထားသည်။
နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မွမ်းမံမှုတွေ အကြိမ်ကြိမ် အဖန်ဖန် ပြုလုပ်ပြီးနောက်၊ လောင်စာဆဲလ်စနစ်၏ စွမ်းဆောင်ရည်သည် အလွန်တိုးတက်ကောင်းမွန်လာခဲ့ကြောင်း ကုမ္ပဏီ အထွေထွေမန်နေဂျာ Song Haiying က ပြောကြားသည်။

၂၀၂၂ ခုနှစ် ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ကား စုစုပေါင်း ၇၁၀ စီးကို ကျန်းကျားကိုမြို့တွင်  စတင်သုံးစွဲခဲ့သည်။
ယခုအချိန်အထိ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားများသည် ခရီးသည် ၈၀.၇ သန်းကျော်ကို သယ်ဆောင်ပြီး ကျန်းကျားကိုမြို့တွင် ကီလိုမီတာ ၂၇ သန်းကျော် မောင်းနှင်ခဲ့ကြပြီးပြီ ဖြစ်သည်။
လူထုပို့ဆောင်ရေးအပြင် မြို့သန့်ရှင်းရေး၊ လော့ဂျစ္စတစ်၊ လေးလံသော ကုန်ပစ္စည်းများ မြို့တွင်းပို့ဆောင်ရေး အစရှိသည့် ဝန်ဆောင်မှုတွင်လည်း အသုံးပြုသည်။ 

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်ယာဉ် ၅၀,၀၀၀ ခန့်ရှိမည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ နှစ်စဉ် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုသည် တန်ချိန် ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ရှိလာမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးတို့ ပူးပေါင်းထုတ်ပြန်သည့် အစီအစဉ်တွင် ဖော်ပြထားပါသည်။
Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 204 times