ယူကရိန်းအရေးအခင်းကြောင့် ထိုင်းနိုင်ငံ ကားတင်ပို့မှု ထိခိုက်နိုင်ဟု FTI ပြောကြား


ယူကရိန်းအရေးအခင်းကြောင့် ထိုင်းနိုင်ငံ ကားတင်ပို့မှု ထိခိုက်နိုင်ဟု FTI ပြောကြား


ရုရှား-ယူကရိန်းအရေးအခင်းက ကားတင်ပို့ကို ထိခိုက်နိုင်ဖွယ် ရှိတယ်လို့  Federation of Thai Industries (FTI)  က ပြောကြားပါတယ်။
ကမ္ဘာ့တစ်လွှား မော်တော်ယာဉ် ထုတ်လုပ်မှုမှာ ချစ်ပ် လိုသလောက်မရတဲ့ပြဿနာ ဆက်ရှိနေဆဲ ဖြစ်ပြီး ထိုင်းနိုင်ငံမှာလည်း မော်တော်ယာဉ် ထုတ်လုပ်မှု လျော့ကျစေခဲ့လို့ ပြည်ပတင်ပို့စီးရေလည်း ဇန်နဝါရီလမှာ ဒီဇင်ဘာလထက် ၅.၈% လျော့နည်းခဲ့ပါတယ်။
 

ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူခြင်းကြောင့် ကမ္ဘာ့စီးပွားရေးမှာ ယုတ်လျော့မှုများ ဖြစ်ပေါ်လာနိုင်တယ်လို့ FTI က စိုးရိမ်ပါတယ်။
"ကျွန်တော်တို့ အရေးအခင်းက ပိုပြင်းထန်လာမလာ၊ စီးပွားရေး ပိတ်ဆို့မှုကြောင့် ဘယ်လို သက်ရောက်မှုတွေ ကျရောက်မလဲဆိုတာ စောက့်ကြည့်နေပါတယ်" လို့ FTI ရဲ့ တွဲဖက်ဉက္ကဋ္ဌ နှင့် ပြောရေးဆိုခွင့်ရသူ Surapong Paisitpatanapong က ပြောကြားပါတယ်။

"ဒီအချက်တွေကြောင့် ကမ္ဘာ့စီးပွားရေး နှေးကွေးသွားစေနိုင်ပြီး နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ ကားတင်ပို့မှုအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်" လို့ သူက ပြောပါတယ်။

 


ထိုင်းနိုင်ငံက ၂၀၂၂ ဇန်နဝါရီလမှာ စီးရေ ၆၉,၈၃၃ တင်ပို့ခဲ့ပါတယ်။ ၂၀၂၁ ဒီဇင်ဘာလထက် ၃၁.၁% လျော့နည်းပါတယ်။


၂၀၂၂ ဇန်နဝါရီလမှာ ကားစီးရေ ၁၅၁,၇၄၇ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၁ ဒီဇင်ဘာလထက် ၁.၇% လျော့နည်းပါတယ်။
၂၀၂၂ ဇန်နဝါရီလမှာ ပြည်တွင်း ရောင်းချဖို့ စီးရေ ၇၄,၇၀၈ ထုတ်လုပ်ခဲ့ပြီး ပြည်ပတင်ပို့ရန် စီးရေ ၇၇,၀၃၉ ထုတ်လုပ်ခဲ့ပါတယ်။

၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်အထိ မှတ်ပုံတင်ထားတဲ့ လျှပ်စစ်မော်တော်ယာဉ် ၁၂,၀၀၅ စီး ရှိပါတယ်။ ယခုနှစ်မှာ အီးဗီရောင်းရစီးရေ ယမန်နှစ်ကထက် ပိုများမယ်လို့ မျှော်လင့်ထားပါတယ်။

Read 285 times