ပြင်သစ် နှစ်သစ်ကူး ကားမီးရှို့စီးရေ ယခုနှစ် လျော့ကျ


ပြင်သစ် နှစ်သစ်ကူး ကားမီးရှို့စီးရေ ယခုနှစ် လျော့ကျ

လမ်းဘေးမှာ ရပ်ထားတဲ့ ကားအလွတ်များ ရာဂဏန်းကို နှစ်သစ်ကူးညရောက်တိုင်း မီးရှို့တဲ့ အစဉ်အလာ ပြင်သစ်မှာ ပေါ်ပေါက်ခဲ့တာ ၁၉၉၀ ပြည့်လွန်နှစ်များ ကတည်းက ဖြစ်ပါတယ်။ လူငယ်များက အပျော်သဘောဖြင့် ကားတွေကို မီးရှို့ကြတာ ဖြစ်ပါတယ်။ ယခုနှစ် နှစ်သစ်ကူးညမှာ မီးလောက်တဲ့ကား ၈၇၄ စီးသာ ရှိလို့ ယခင်နှစ်များကထက် လျော့နည်းခဲ့ပါတယ်။
နှစ်သစ်ကို ကားတွေ မီးရှို့ပြီး ကြိုဆိုတဲ့အကျင့်ကို ပြင်သစ်နိုင်ငံ အရှေ့ပိုင်းမှာ အစပြုခဲ့ပါတယ်။
၂၀၁၉ နှစ်သစ်ကူးညမှာ ကား ၁,၃၁၆ စီး မီးလောင်ခဲ့ပါတယ်။
၂၀၂၀ မှာတော့ ကိုဗစ်ကြောင့် တစ်နိုင်ငံလုံး လော့ဒေါင်းချထားလို့ ကားမီးရှို့တာ မရှိခဲ့ဘူး။
ယခုနှစ်မှ အစဉ်အလာကို ပြန်စလိုက်တာ ဖြစ်ပါတယ်။
ပြည်ထဲရေး ဝန်ကြီး Gerald Darmanin က မီးလောင်တဲ့ ကားစီးရေ နည်းပါးခဲ့တဲ့အတွက်လုံခြုံရေး တပ်ဖွဲ့များနဲ့ မီးသတ်တပ်ဖွဲ့များကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူတာ ၄၄၁ ခု ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၃၆၇ ခု ရှိခဲ့လို့ ၂၀၂၁ မှာ ဖမ်းဆီးတဲ့ အရေအတွက်ပိုများပါတယ်။

ယခုနှစ်မှာ လူ ၃၈၁ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၃၁၄ ဦး ထိန်းသိမ်းခဲ့ပါတယ်။ ၂၀၂၁ မှာ ထိန်းသိမ်းတဲ့ အရေအတွက်လည်း ပိုများပါတယ်။

ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

 

 

Read 1401 times