တစ်ဦးချင်း အစီအစဉ်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျောက်ထားခဲ့ရာတွင် ဖရီးပါမစ် ၅၉ဝဝ ကျော်ပါဝင်


၂၀၁၈ ခုနှစ်အစမှ နိုဝင်ဘာလကုန် အထိ တစ်ဦးချင်း အစီအစဉ်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် ၁၆,၀၀၀ ကျော် လျှောက်ထားခဲ့ရာ တွင် ဖရီးပါမစ် ၉၀၀ ကျော် ပါ ဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ တစ်ဦးချင်း အစီအစဉ်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် ၁၆၂၈၃ စောင်လျှောက်ထားခဲ့ရာတွင် ဖရီးပါမစ် ဖြင့် ၅,၉၁၂ စီး ပါဝင်ခဲ့သည်။ ယခု နှစ်အတွင်း ကားအရောင်းပြခန်းများ နှင့် ကားအရောင်းစင်တာများမှ လည်း ကားဝယ်ယူခွင့် ပါမစ်အ တွက် စောင်ရေ ၂၀,၉၆ဝ လျှောက် ထားမှုရှိခဲ့ကြောင်းလည်း သိရသည်။

"ဒီနှစ်ထဲမှာ ဘယ်မောင်း ကားတစ်မျိုးတည်းကိုပဲ တင်သွင်း ခွင့်ပေးထားတဲ့အတွက် အရင်နှစ် တွေကထက်စာရင် ဝယ်ယူခွင့်ပါမစ် လျှောက်တဲ့ကား အရေအတွက်များ ပြီး တင်သွင်းခွင့်ပါမစ်လျှောက်တဲ့ အရေအတွက် နည်းသွားပါတယ်။ တစ်ဦးချင်းအစီအစဉ်နဲ့ တင်သွင်း ခွင့်ပါမစ်လျှောက်ရာမှာ ဖရီးပါမစ်နဲ့ အစီး ၅,၉၀၀ ကျော်ရှိပြီး ယာဉ်အို/ ယာဉ်ဟောင်းအစီအစဉ်နဲ့ အစီး တစ်သောင်းကျော် ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း ဝယ်ယူခွင့်ပါ မစ် လျှောက်ထားရာတွင် ကားအ ရောင်းပြခန်းများမှ ၁၆, ၅၈၈ စီး၊ ကားအရောင်းစင်တာများမှ ၄၃၅၂ စီးရှိခဲ့သည်။ ပြည်ပမှ တစ်ဦးချင်း အစီအစဉ်ဖြင့်တင်သွင်းခွင့်လျှောက် ထားရာတွင် ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်ဖြင့် ၁၀, ၃၅၁ စီး ရှိခဲ့ပြီး ဖရီးပါမစ်ဖြင့် နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၌ ၅.၈၆ စီး၊ ရန်ကုန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနရုံး၌ ၁၂၆ စီးတို့ လျှောက်ထားခဲ့ကြောင်း သိရသည်။

Read 705 times