Frangiventoရဲ့ အလှမွေးငါးကန်ပါတဲ့ လျှပ်စစ်စူပါကား


ကားထဲတွင်အလှမွေးငါးကန်တစ်ခုပါထည့်သွင်းတည်ဆောက်ထားသည့်လျှပ်စစ်စွမ်းအင်သုံးစူပါကား Concept တစ်မျိုးကို Frangiventoကဖန်တီးလိုက်ပါသည်။

မွန်တီကာလိုကားပြပွဲမှာအီတလီ၏သက်တမ်းနုနယ်လှသေးသည့်ကားကုမ္ပဏီအသစ်မှAsfanè Charlotteဆိုသည့်ကားကိုမိတ်ဆက်ပြသလိုက်ပါသည်။

ယင်းကားကိုပြီးခဲ့သည့်နှစ်ကတူရင်မြို့ကားပြပွဲတစ်ခုတွင်အကျဉ်းချုံးမိတ်ဆက်ခဲ့ပြီးယခုတွင်နိုင်ငံတကာမြင် ကွင်းကို Frangiventoကပွဲထုတ်ယူဆောင်လာပါသည်။

ယင်းကားကိုဈေးကွက်ထဲရောင်းတမ်းဝင်ထုတ်လုပ်နိုင်သည့်အဆင့်မှာဒေါ်လာ၁.၅သန်းနှင့်ရောင်းချရန်ရည်ရွယ်ထားပါသည်။

ကား၏အသွင်အပြင်မှာစိတ်ကူးယဉ်သိပ္ပံခေတ်လွန်ဇာတ်လမ်းများထဲမှယာဉ်တစ်မျိုးကဲ့သို့ဖြစ်ပြီးကား၏အတွင်းပိုင်း မှာကာဘွန်ဖိုင်ဘာနှင့်Alcantaraများအသုံးပြုတည်ဆောက်ထားပါသည်။

ယင်းကားနှင့်ပတ်သက်ပြီးအဓိကမြင်သာသည့်အပိုင်းတစ်ခုမှာကားထိုင်ခုံများနောက်ကျောတွင်မြှုပ်နှံတပ်ဆင် ထားသည့်အလှမွေးငါးကန်များဖြစ်ပါသည်။

ထိုထဲတွင်တကယ့်ငါးအစစ်များကိုထည့်သွင်းထားမည်ဖြစ်ပြီးကားကုမ္ပဏီ၏အင်ဂျင်နီယာများကတော့အခုလို ငါးကန်များထည့်သွင်းတည်ဆောက်ထားခြင်းသည်ထိုင်ခုံပေါ်ထိုင်တဲ့အချိန်ပိုပြီး သက်တောင့်သက်သာရှိစေမည်ဟု ပြောပါသည်။

ယင်းကားတွင်လျှပ်စစ်မော်တာလေးလုံးကိုတပ်ဆင်ထားမှာဖြစ်ပြီး စုစုပေါင်းမြင်းကောင်ရေ ၉၀၀ ဝန်းကျင် စက်အားကိုထုတ်ပေးမည်ဖြစ်သည်။

ယင်းကားမှာရပ်နားထားရာမှတစ်နာရီ မိုင် ၆၀ နှုန်းကို ၂.၆ စက္ကန့်အတွင်းအရှိန်မြှင့်နိုင်မည်ဟုလည်း Frangiventက အာမခံထားပါသည်။

ထိုကား၏အချက်အလက်များမှာစိတ်ဝင်စားစရာဖြစ်သော်လည်းတစ်စီးဈေးနှုန်းမှာဒေါ်လာ၁.၅သန်းရှိမည်ဖြစ် သည်။

Read 830 times