ပြင်သစ် အီးဗီ ယူရို ၇၀၀၀ အခွန်မက်လုံးတွင် Tesla အပါအဝင် တရုတ်ပြည်ဖြစ် အီးဗီများ အကျုံးမဝင်


ပြင်သစ် အီးဗီ ယူရို ၇၀၀၀ အခွန်မက်လုံးတွင် Tesla အပါအဝင် တရုတ်ပြည်ဖြစ် အီးဗီများ အကျုံးမဝင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ပြင်သစ်နိုင်ငံတွင် ယူရို ၇၀၀၀ အထိ ပေးအပ်သည့်ပြည်ထောင်စုအခွန်မက်လုံးအတွက် အကျုံးဝင်သည့် လျှပ်စစ်ကားများစာရင်းကို ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

အများက ထင်ကြေးပေးထားသည့်အတိုင်း တရုတ်ပြည်ဖြစ် Made in China (MIC) အီးဗီများ စာရင်းတွင် မပါပါ။ တရုတ်ပြည်တွင် ထုတ်လုပ်သည့် Tesla Model 3 မပါပါ။ ဥရောပဈေးကွက်ထဲ ဈေးအပေါဆုံး အီးဗီ Dacia Spring လည်း မပါပါ။ 

 
ပြင်သစ်သမ္မတ အမန်နျူရယ် မက်ခရွန် Emmanuel Macron သည် အီးဗီဝယ်ယူသူများကို တရုတ်မော်ဒယ်များအစား ပြင်သစ်အပါအဝင် ဥရောပနိုင်ငံများ၏ မော်ဒယ်များကို ဝယ်ယူကြစေရန်  မက်လုံးအသစ်များကို ကြေညာခဲ့ပါသည်။
အီးယူမှာ ထုတ်လုပ်သည့် အီးဗီကို တလ ယူရို ၁၀၀ ဖြင့် ငှားသည့် အစီအစဉ်လည်း ပါဝင်ပါသည်။
အီးဗီကို ပထမဆုံးအကြိမ် ဝယ်စီးသည့်သူကို ငွေသား ထောက်ပံ့ကြေးပေးမည် ဖြစ်ပြီး ဝယ်ယူသည့် အီးဗီသည် အီးယူမှာ ထုတ်လုပ်သည့် အီးဗီ ဖြစ်မှသာ ၎င်း‌ေငွသားထောက်ပံ့ကြေးကို ပေးအပ်မည် ဖြစ်ပါသည်။

စိမ်းလန်းဆုကြေး green bonus ဟု ခေါ်ဝေါ်သည့် ၎င်းငွေသားထောက်ပံ့ကြေး မက်လုံးသည် ပုံမှန်အားဖြင့် €5,000 ဖြစ်ပါသည်။ ဝင်ငွေနည်းသော မိသားစု ဖြစ်ပါက ငွေသားထောက်ပံ့ကြေး €7,000 ရယူခံစားခွင့် ရှိပါသည်။
 မူလက မည်သည့် အီးဗီအတွက်မဆို ပေးအပ်မည် ဖြစ်ရာ အနည်းဆုံး ၃ ပုံ၁ပုံသည် တရုတ်အီးဗီ ဝာ်ယူသူများ ရရှိကြသဖြင့် စည်းကမ်းချက် ပြင်ဆင်သတ်မှတ်လိုက်ပြီး အကျုံးဝင်သည့် အီးဗီမော်ဒယ်စာရင်းကို ထုတ်ပြန်ပါသည်။ စာရင်းတွင် တရုတ်ပြည်မှာ ထုတ်လုပ်သည့် MIC အီးဗီများ ပါမလာပါ။ 

တရုတ်ပြည်မှာ ပြုလုပ်သည့် MIC အီးဗီမော်ဒယ် Dacia Spring Electric သည် ဈေးချိုသဖြင့် ရောင်းအား ကောင်းသည်။
ပြင်သစ်တွင် ပျမ်းမျှအားဖြင့် အီးဗီ ၁၀ စီး ရောင်းရလျှင် ၁ စီးသည် Dacia Spring Electric ဖြစ်ပါသည်။ 
ယခင် စည်းကမ်း မူဟောင်းအရ ဆိုလျှင်  Dacia Spring Electric တစီး ပထမဆုံးအီးဗီအဖြစ် ဝယ်ယူသည့်အခါ မက်လုံး စိမ်းလန်းဆုကြေး ခုနှိမ်သဖြင့် €15,800 ကျသင့်သည်။ ယခု စည်းကမ်း မူသစ်အရ €20,800 ကျသင့်မည် ဖြစ်ပါသည်။

စာရင်းထဲ မပါသည့် ကားများတွင် ဗြိတိသျှ ကားအမှတ်တံဆိပ် မော်ဒယ် MG 4 လည်း ပါဝင်ပါသည်။ တရုတ်မှ နိုင်ငံပိုင် ကားလုပ်ငန်း SAIC Motor မှ ထုတ်လုပ်ပါသည်။ပြင်သစ်တွင် အီးဗီဈေးကွက်ဝေစု ၆၁.၄% ရထားပါသည်။ 

Tesla Model 3 သည် တရုတ်ပြည် ရှန်ဟိုင်းမှာ ထုတ်လုပ်သည့် အီးဗီများကို ပြင်သစ်သို့ တင်သွင်းပြီး ရောင်းချခြင်း ဖြစ်သဖြင့် စာရင်းထဲ မပါပါ။ 
အရောင်းရဆုံး Tesla Model Y မှာ ဂျာမနီနိုင်ငံတွင် ထုတ်လုပ်သည့် အီးဗီများကို ရောင်းချခြင်း ဖြစ်သဖြင့် စာရင်းတွင် ပါဝင်ပါသည်။

နောက်ထပ် အထိနာသည့် မော်ဒယ်များမှာ စာရင်းထဲ ပါမလာသည့် BYD Atto 3 နှင့် BYD Dolphin တို့ ဖြစ်ပါသည်။ 

တောင်ကိုရီးယားတွင် တပ်ဆင်ထုတ်လုပ်သည့် အီးဗီမော်ဒယ် Kia Niro စာရင်းထဲ ပါဝင်ပါသည်။
ချက်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သည့် Hyundai  Kona အီးဗီသည်လည်း စာရင်းထဲ ပါဝင်ပါသည်။ 

Stellantis မှ မော်ဒယ် ၂၄ ခုနှင့် Renault မှ မော်ဒယ် ၅ ခုတို့ စာရင်းမှာ ပါဝင်ပါသည်။


စိမ်းလန်းဆုကြေး green bonus အကျုံးဝင် စာရင်းတွင် မော်ဒယ် ၅၀၀ ဝန်းကျင် ပါဝင်သည်။ 

Reuters သတင်းဌာန၏ အဆိုအရ ပြင်သစ်တွင် ရောင်းချသည့် အီးဗီအရေအတွက် စုစုပေါင်း၏ ၆၅% သည် စာရင်းတွင် ပါဝင်ပါသည်။


ပြင်သစ်သည် ၂၀၂၇ နှစ်ကုန်တွင် အီးဗီ အစီးရေ ၁ သန်းကျော် ထုတ်လုပ်ရန် ကတိပြုထားပါသည်။

Source  Electrek 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 232 times