France မှ “မောင်းနှင်နေစဉ် Charging လုပ်ပေးနိုင်တဲ့” EV Motorway ကို စမ်းသပ်လျက်ရှိ


 

ပြီးပြည့်စုံတဲ့ အနာဂတ်သယ်ယူပို့ဆောင်ရေးစနစ်အတွက် France က လူသိများတဲ့ Dynamic Wireless Charging Motorway ကို A10 Highway မှာ စမ်းသပ်နေကြောင်း သိရပါတယ်။ ဒီစနစ်ဟာ မော်တော်ယာဉ်ရပ်နားစရာမလိုဘဲ မောင်းနှင်နေစဉ် EV Battery ကို အလိုအလျောက်အားသွင်းပေးနိုင်တဲ့ နည်းပညာပါ။

VINCI Autoroutes, Electreon နှင့် Gustave Eiffel University တို့ ပူးပေါင်းပြီး ၁.၅ ကီလိုမီတာ ရှည်လျားတဲ့ စမ်းသပ်လမ်းပိုင်းကို တည်ဆောက်ထားပြီး လမ်းခင်းအောက်မှာ အထူး Coil တွေသွင်းနှံထားပါတယ်။ Coil တွေက EV တင်ဆောင်ထားတဲ့ Receiver နဲ့ ချိတ်ဆက်ကာ ၂၀၀–၃၀၀ kW အထိ အားသွင်းပေးနိုင်ပါတယ်။

လူမော်တော်ယာဉ်များ၊ Bus နှင့် Truck တွေကိုလည်း ဒီလမ်းပေါ်မှာ စမ်းသပ်ပြီး စွမ်းဆောင်ရည်၊ ထိရောက်မှု၊ အင်အားထုတ်နိုင်မှုတွေကို အကဲဖြတ်နေကြပါတယ်။ ထို့အပြင် အနာဂတ်မှာ တိုးချဲ့အသုံးပြုနိုင်ဖို့ အဆင့်လိုအပ်ချက်၊ Infrastructure ချဉ်းကပ်ချက်တွေကိုလည်း dataတင်ပြနေကြပါတယ်။

သုံးစွဲမှုမတိုင်မီ Installation ကုန်ကျစရိတ်၊ လမ်းခင်းပြုပြင်ထိန်းသိမ်းမှု စတဲ့ စိန်ခေါ်မှုတွေရှိနေသော်လည်း France အနေနဲ့ အနာဂတ် EV Transport Network မှာ ဒီနည်းပညာဟာ Game Changer ဖြစ်လာနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Read 298 times