Wisconsin နှင့် Ohio တွင် လျှပ်စစ်ကား ဘတ်ထရီ စက်ရုံများ တည်ဆောက်မည်ဟု Foxconn ပြော


iPhone ရဲ့ အဓိက တပ်ဆင်သူ Foxconn သည် အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေ စေ့ဆော်မှုအရ အမေရိကန်ပြည်တွင်း ထုတ်လုပ်ရေးလုပ်ငန်းများ တိုးချဲ့ရန်အတွက် Wisconsin နှင့် Ohio တွင် လျှပ်စစ်ကား ဘတ်ထရီထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်သွားမည့် အကြောင်းကို ၂၀၂၃ ခုနှစ် ၁၅ ရက်နေ့က ပြောကြားခဲ့ပါသည်။ 

 

Foxconn ကုမ္ပဏီဟာ Wisconsin မှာ စွမ်းအင်သိုလှောင်ရေးစနစ်အတွက် ဘတ်ထရီဆဲလ်နဲ့ ဘတ်ထရီသေတ္တာတွေကို ထုတ်လုပ်ဖို့ စက်ရုံလုပ်ငန်းတစ်ခု တည်ဆောက်မှာဖြစ်ပြီး Ohio မှာ ကားတစ်စီးစာလုံးအတွက် ဘတ်ထရီထုတ်လုပ်ရေး စက်ရုံတည်ဆောက်သွားမှာဖြစ်တယ်လို့ Foxconn ရဲ့ဥက္ကဌဖြစ်သူ Young Liu က ရင်းနှီးမြှုပ်နှံသူများ၏ ညီလာခံတွင် ပြောကြားခဲ့ပါသည်။ 

 

 

US အစိုးရသည် စီးပွားရေး ထုတ်ကုန်ကွင်းဆက်များ ပိုမိုအဆင်ပြေလာစေရန် ပြည်တွင်း လျှပ်စစ်ကား ထုတ်လုပ်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ အပါအဝင် ဘတ်ထရီထုတ်လုပ်ရေးကို ပိုမို တွန်းအားပေးလျက် ရှိပြီး  ပြည်တွင်းထုတ်ကုန်များက IRA လက်အောက်တွင် အခွန်အခများရရှိစေရန် လိုအပ်ချက်တစ်ခုဖြစ်သည်။ 

 

ပြည်တွင်း လျှပ်စစ်ကားထုတ်လုပ်မှု လုပ်ငန်းများအတွက် US ၏ ဝယ်လိုအားများလာခြင်းသည် Foxconn အတွက် တွန်းအားတစ်ခုဖြစ်စေပြီး ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ Foxconn သည် ယခုကဏ္ဍပိုင်းအတွက် ရင်းနှီးမြှုပ်နှံမှုစတင်ခဲ့ပြီး တဖြည်းဖြည်းအရှိန်ကျလာသည့် စမတ်ဖုန်းလုပ်ငန်းများအပေါ် ကာမိစေရန် တိုးမြှင့်လုပ်ဆောင်လုပ်ခဲ့သည်။ 

 

Foxconn သည် IRA က ဥပဒေမပြဌာန်းခင်ကာလအတွင်း US ရဲ့ လျှပ်စစ်ကား Startup ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Lordstown ရဲ့ Ohio ရှိ စက်ရုံကို ဝယ်ယူခဲ့ပြီး Wisconsin တွင်လည်း ထုတ်လုပ်ရေး လုပ်ငန်းနေရာတစ်ခု ရရှိထားပါသည်။ 

 

 

IRA ရဲ့ ပြဌာန်းမှုက Foxconn အတွက်အချိန်ကောင်းဖြစ်ခဲ့ပြီး ဘတ်ထရီနဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်ရေးအတွက် အခွင့်အရေးကောင်းရရှိခဲ့တဲ့ အပြင် US အစိုးရက အထောက်အပံ့ ကောင်းကောင်းပေးတယ် လို့ Liu က ထပ်မံ ပြောကြားခဲ့ပါသည်။ ဒါ့အပြင် Liu သည် နောက်လာမည့် ရက်တစ်ပတ်အတွင်း မြောက်အမေရိကကို ခရီးထွက်မှာ ဖြစ်သည့်အကြောင်းကိုလည်း သိရှိရပါသည်။ 

 

Foxconn ၏ အသေးစားပြိုင်ဖက်များဖြစ်သည့် Pegatron၊ Quanta Computer၊ Compal Electronics နှင့် Delta Electronics တို့သည်လည်း ၎င်းတို့၏ လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများကို ယခုနှစ်မှ စတင်ပြီး တိုးချဲ့ ထုတ်လုပ်သွားရန် စီစဥ်နေပါသည်။ 

 

Foxconn ၏ လျှပ်စစ်ကားဆက်စပ်ပစ္စည်းများမှ ရရှိခဲ့သည့် ဝင်ငွေသည် ၂၀၂၂ ခုနှစ်အတွက် ထိုင်ဝမ် ဒေါ်လာ ၂၀ ဘီလီယံ ( US ဒေါ်လာ ၆၄၉ သန်း ) အထိရရှိထားပြီး လက်ရှိ ၂၀၂၃ ခုနှစ်တွင် ထိုင်ဝမ်ဒေါ်လာ ၅၀ ဘီလီယံမှ ၁၀၀ ဘီလီယံ အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း Liu က ပြောကြားခဲ့ပါသည်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် ရောက်သည့်အချိန်တွင် ဝင်ငွေသည် ထိုင်ဝမ်ဒေါ်လာ ၁ ထရီလီယံ အထိရရှိရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။ 

 

Foxconn သည် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ထုတ်ကုန်များအတွက် ဆက်စပ်ပစ္စည်းထုတ်လုပ်ထောက်ပံ့ပေးသည့် ကုမ္ပဏီဖြစ်ပြီး ၎င်း၏ ဖောက်သည်များ အထဲတွင် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Apple၊ Google၊ Amazon နှင့် HP တို့ပါဝင်သည်။ 

 

Advertisement

Click Here >>> Empire Chemicals

 

Foxconn ၏ ငွေလုံးငွေရင်း အသုံးစာရိတ်များသည် ယခုနှစ်နှင့် နောက်တစ်နှစ်တွင် ပိုပိုများပြားမည်ဖြစ်ပြီး Mexico၊ US၊ India၊ Vietnam၊ Thailand နှင့် China တွင် ထပ်မံရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်ဟု Liu က ပြောကြားခဲ့သည်။ Foxconn ၏ တရုတ်ပြင်ပ ထုတ်လုပ်မှုလုပ်ငန်းများသည် ကုမ္ပဏီစုစုပေါင်းလုပ်ငန်းများ၏ ၃၀%  ခန့်ရှိပြီး လာမည့်နှစ်များတွင် ယခုထပ်ပို၍ တိုးတက်လာမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ 

 

Foxconn သည် သူ၏ အဆင့်မြင့်လျှပ်စစ်လူသုံးကုန်ပစ္စည်း ကဏ္ဍမှ တစ်နှစ်လုံးစာဝင်ငွေသည် ယခုနှစ်တွင် လျော့နည်းမည်ဖြစ်ကြောင်းခန့်မှန်းထားပြီး အခြား နည်းပညာဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် Cloud၊ Networking၊ Computing နှင့် Components များ၏ ဝင်ငွေသည် ယခုနှစ်တွင် ပိုတိုးလာမည် ဖြစ်သည်ဟု ခန့်မှန်းထားသည်။ 

 

Liu သည် China၊ Zhengzhou တွင်ရှိသည့် Foxconn ၏ ကမ္ဘာ့အကြီးဆုံး iPhone ထုတ်လုပ်ရေး  လုပ်ငန်းနေရာကို ဖေဖော်ဝါရီလ အဆုံးပိုင်းတွင် သွားရောက် ကြည့်ရှု ခဲ့ပြီး နောက်ထပ် India ရှိ iPhone တပ်ဆင်ရေး လုပ်ငန်းကိုလည်း သွားရောက်ကြည့်ရှုခဲ့ကာ ထုတ်လုပ်မှုကို တိုးချဲ့နိုင်ရန် တွန်းအားပေး လုပ်ဆောင်နေခဲ့သည်။ Liu သည် သူ၏ India ခရီးစဥ်တွင် India နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ Narendra Modi နှင့်လည်း တွေ့ဆုံခဲ့သည်။ 

 

 

India နိုင်ငံအတွင်းလျှပ်စစ်ဆက်စပ်ပစ္စည်းထုတ်လုပ်ခြင်း သာမက Foxconn သည် ဒေသတွင်း Vedanta သတ္ထုလုပ်ငန်းစု နှင့် ပူးပေါင်းကာ Chip ထုတ်လုပ်ရေးစက်ရုံများဆောက်လုပ်ရန်လည်း လုပ်ဆောင်လျက်ရှိသည်။ 

 

Foxconn ၏ အမြတ်ငွေများသည် Covid ရောဂါကာကွယ်ရေး အတွက် သွားလာမှု ထိန်းချုပ်ရေး နှင့် Zhengzhou ထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမားများ၏ ဆန္ဒပြပွဲများကြောင့် ယခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း ၁၀% ကျဆင်းသွားခဲ့သည်။ 


Source - Nikkei Asia

Read 253 times