Foxconn က ဆော်ဒီအာရေဗျမှာ အီးဗီအတွက် ဒေါ်လာ ၉ ဘီလျံ စက်ရုံ တည်ဆောက်မည်


Foxconn က ဆော်ဒီအာရေဗျမှာ အီးဗီအတွက် ဒေါ်လာ ၉ ဘီလျံ စက်ရုံ တည်ဆောက်မည်

Apple ရဲ့ iPhone တွေ တပ်ဆင်ထုတ်လုပ်ပေးတဲ့ Foxccon က လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်လျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၉ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး စက်ရုံအသစ် တည်ဆောက်ဖို့ ဆောင်ရွက်နေကြောင်း The Wall Street Journal မှာ သတင်းဖော်ပြထားပါတယ်။
စွယ်စုံလုပ်ကိုင်မယ့် စက်ရုံဖြစ်ပြီး မော်တော်ယာဉ်သုံးချစ်ပ်များ၊ လျှပ်စစ်မော်တော်ယာဉ် အစိတ်အပိုင်းများ၊ မော်တော်ယာဉ်သုံး အီလက်ထရွန်းနစ်ပစ္စည်းများ အစရှိသည်တို့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Foxccon ရဲ့ စက်ရုံဆောက်ဖို့ အဆိုပြုလွှာကို ဆော်ဒီအာရေဗျ အစိုးရက သုံးသပ်တဲ့အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

တိုင်ဝမ်မှ  Hon Hai Precision Industry အမည်ဖြင့် သိခဲ့ကြတဲ့ Foxconn က ထုတ်လုပ်မှုအမျိုးမျိုးကို ခက်ဖြာလုပ်ကိုင်နေပြီး တရုတ်ပြည်အပြင် အခြားနိုင်ငံအချို့မှာ လျှပ်စစ်မော်တော်ယာဉ်အတွက် စက်ရုံတွေ ထူထောင်နေပါတယ်။
အမေရိကန်ဒေါ်လာ ၉ ဘီလျံ ရင်းနှီးမြှုပ်နှံမယ့် စက်ရုံအသစ်စီမံကိန်းကို ယူအေအီး (အာရပ်စော်ဘွားများ ပြည်ထောင်စု) ကိုလည်း အဆိုပြုလွှာ တင်သွင်းထားပါတယ်။


ဆော်ဒီအာရေဗျမှာ အစိုးရနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ဖို့ အစီအစဉ်ကို တင်ပြထားပါတယ်။ အခွန်ကင်းလွတ်ကာလ၊ အစိုးရမှ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ခြင်း၊ ဓာတ်အားနှင့်ရေ ပံ့ပိုးခြင်းတို့ဖြင့် အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှုကဏ္ဍကို လုပ်ကိုင်ပေးဖို့ Foxconn က မျှော်လင့်ထားပါတယ်။

Read 703 times