Foxconn ဦးဆောင်သော MIH  အိန္ဒိယ၊ ထိုင်းနှင့် ဂျပန်တို့အတွက် အီးဗီ အရောင်းလျာထားချက်များ ချမှတ်


Foxconn ဦးဆောင်သော MIH  အိန္ဒိယ၊ ထိုင်းနှင့် ဂျပန်တို့အတွက် အီးဗီ အရောင်းလျာထားချက်များ ချမှတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တိုကျိုမြို့တွင် ကျင်းပသော Japan Mobility Show တွင် Foxconn ဦးဆောင်သော MIH Consortium သည် Project X လျှပ်စစ်ကားကို ပြသခဲ့သည်။


Foxconn ဦးဆောင်သော ကုမ္ပဏီစု MIH Consortium သည် အိန္ဒိယ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့တွင် တစ်နှစ်လျှင် စုစုပေါင်း လျှပ်စစ်မီနီကား အစီးရေ ၁ သိန်း ရောင်းချရန် ရည်မှန်းထားသည်။

 

MIH Consortium ကို iPhone တပ်ဆင်ထုတ်လုပ်သည့် Foxconn က ဦးဆောင်ပြီး အီးဗီများ ထုတ်လုပ်ရန် စုစည်းထူထောင်ထားသည်။ အဖွဲ့ဝင် ၂,၇၀၀ ကျော် ပါဝင်သည်။

တိုကျိုမြို့တွင် ကျင်းပသော Japan Mobility Show ယာဉ်ပြပွဲတွင် MIH က သုံးယောက်စီး မီနီကား Project X ကားအငယ်စားကို ပွဲထုတ်ပြသသည်။
"ကျွန်တော်တို့ စမတ်မြို့တစ်မြို့ကို တည်ဆောက်သွားမှာပါ" ဟု MIH အမှုဆောင်အရာရှိချုပ် Jack Cheng က အဆိုပါပွဲ အကြိုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

မီနီကားကို ရောင်းချရာတွင် တစ်ဦးချင်း သုံးစွဲသူများထက် ကားစင်းလုံးငှား ယာဉ်အော်ပရေတာများနှင့် အငှားယာဉ်ဝန်ဆောင်မှုများကို ဦးတည်ထားမည်ဖြစ်သည်။

ကားတွင် ဘက်ထရီထုပ်ကို အထုပ်လိုက် လဲလှယ် တပ်ဆင်နိုင်သည်။ သို့ဖြစ်ရာ အားကုန်သော ဘက်ထရီကို အားအပြည့် ဘက်ထရီဖြင့် လဲလှယ် တပ်ဆင်နိုင်သဖြင့် အားသွင်းချိန်ကို စောင့်ဆိုင်းဖို့ မလိုပေ။
ပင်ကိုမောင်းနင်စွမ်းရည်ကို အဆင့် ၂ မှ ၄ အထိ ရနိုင်မည်။ သုံးစွဲသူ လိုချင်သည့် အဆင့်ကို စီစဉ်ပေးမည်။ 
ထိုင်ခုံများကို နှစ်ယောက်စီး သို့မဟုတ် သုံးယောက်စီး လိုသလို ပြောင်းလဲနိုင်သည်။ 

ဈေးနှုန်း အတိအကျ မသတ်မှတ်ရသေးသော်လည်း $20,000 ထက် မကျော်ဟု Cheng က ပြောကြားသည်။ 

၂၀၂၅ မှစ၍ တစ်နှစ် အစီးရေ ၁ သိန်း ရောင်းချမည်။ အိန္ဒိယ ၅၀%၊ ထိုင်း ၃၀%၊ ဂျပန် ၂၀% ဟု လျာထားသည်။ 

အိန္ဒိယတွင် အိန္ဒိယမှ Mahindra Group လက်အောက်မှ Tech Mahindra ၏ လုပ်ငန်းသစ် M Mobility က ထုတ်လုပ်မည်။ 
M Mobility ကို Project X အီးဗီအတွက် ထူထောင်ထားခြင်း ဖြစ်သည်။ 
MIH Consortium က M Mobility ကို မော်တော်ယာဉ်၏ နည်းပညာနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်တို့ကို လိုင်စင်ထုတ်ပေးထားမည် ဖြစ်သည်။
M Mobility မှ ထုတ်လုပ်ပေးသော ကားများကို အိန္ဒိယ၊ ထိုင်းနှင့် ဂျပန်တို့တွင် ရောင်းချမည်။

 
ဂျပန်ကုန်သွယ်ရေးလုပ်ငန်း Sumitomo Corp. ၏ လက်အောက်ခံ တိုကျိုအခြေစိုက် Hakobune က ဝန်ထမ်းများ သွားရေးလာရေးအတွက် အီးဗီများ ပေးထားမည့် အစီအစဉ်အတွက် Project X မီနီအီးဗီကို သုံးစွဲမည် ဖြစ်သည်။ 

 Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 77 times