YUPT မှ တာဝန်ယူပြေးဆွဲနေသည့် ယာဉ်လိုင်းများရှိ ကားဟောင်းများ ကို အစားထိုးပြေးဆွဲရန် Foton ကားအသစ် အစီးနှစ်ရာ ဝယ်ယူ ထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ(YUPT) မှ သိရသည်။
ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင် ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ(YUPT) မှ တာဝန်ယူပြေး ဆွဲနေသည့် YBS 4 ၊ YBS 7၊ YBS 29 YBS 11. YBS 17 ယာဉ်လိုင်းများထဲမှ ဟောင်းနွမ်း နေသည့် ယာဉ်များနေရာတွင် ယာဉ်အသစ်များဖြင့် အစားထိုးပြေး ဆွဲရန်အတွက် Foton ကားအသစ် အစီးနှစ်ရာ ဝယ်ယူထားကြောင်း သိရသည်။
"YUPT mocosmos os ဝန်ယူပြေးဆွဲနေတဲ့ ယာဉ်လိုင်း ပေါင်းနှစ်ဆယ်ရှိပါတယ်၊ ဒီယာဉ်တွေထဲက YBS 4 ၊ YBS 7 ၊ YBS 29 ၊ YBS 11၊ YBS 17 ယာဉ်လိုင်းအတွင်းမှာရှိတဲ့ ဟောင်း နွမ်းနေတဲ့ ယာဉ်တွေနေရာမှာ ယာဉ်အသစ်တွေနဲ့ အစားထိုးပြေးဆွဲပေးမှာ ဖြစ်ပါတယ်။
လက်ရှိမှာ YRTA ကို တင်ပြထားပြီးဖြစ်လို့ မကြာခင်မှာပဲ ယာဉ်အသစ်တွေနဲ့ အစားထိုးပြေးဆွဲပေးသွားမှာ ဖြစ် ပါတယ်”ဟု ရန်ကုန်မြို့ပြသယ်ယူ ပို့ဆောင်ရေး အများနှင့်သက်ဆိုင် သောကုမ္ပဏီ (YUPT) မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ ဝယ်ယူထား သည့် ကားအစီးတစ်ထောင်ထဲမှ Yutong City Bus အစီး ၂၅ဝ နှင့် Ankai City Bus အစီး ၂၅ဝ တို့ကို ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင် ထားပြီး ယာဉ်လိုင်းပေါင်းနှစ်ဆယ်၊ ယာဉ်အစီး ၁,၂၀၀ ကျော်ဖြင့် ပြေး ဆွဲနေသလို ထပ်မံ၍ ကားအသစ် အစီးနှစ်ရာကိုလည်း ယာဉ်ဟောင်း များနေရာတွင် အစားထိုးပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။