အင်ဂျင်၏ လည်ပတ်နှုန်း အမျိုးမျိုးပေါ်မူတည်၍ မှန်ကန်သောလေနှင့် လောင်စာဆီ အရောအနှောအချိုးကို ဆလင်ဒါ အတွင်းသို့ ဖြည့်သွင်းပေးသော စနစ်နှစ်မျိုးရှိပါသည်။
၎င်းတို့မှာ ကာဘရိုက်တာစနစ် (Carburetor System) နှင့် EIF System (Electronic Fuel Injection System) တို့ဖြစ်ပါသည်။ ထိုနည်းစနစ်နှစ်မျိုးမှ တစ်မျိုးကို မော်တော်ယာဉ်များတွင် အသုံးပြုပါသည်။
ထိုစနစ်နှစ်မျိုးလုံးသည် စလင်ဒါအတွင်းသို့ဝင်သော လေ၏ထုထည်ကို တိုင်းတာသည်။ ဝင်ရောက်သော လေထုထည်ပြောင်းလဲမှုသည် Throttle Valve ဖွင့်ပိတ်မှုအနည်းအများနှင့် အင်ဂျင်လည်ပတ်နှုန်းအနည်းအများပေါ်မူတည်၍ ပြောင်းလဲသည်။ ထိုစနစ်နှစ်မျိုးလုံးသည် ဝင်ရောက်လာသော လေထုထည်နှင့်ကိုက်ညီမည့် လောင်စာဆီပမာဏကို လေထုထည်ပမာဏ အနည်းအများအပေါ်မူတည်၍ဖြည့်သွင်းပေးသည်။
ရှေးယခင်ဓာတ်ဆီအင်ဂျင်များတွင် အများဆုံးအသုံးပြုခဲ့သော ကာဘရိုက်တာမာျး၏ တည်ဆောက်ပုံမှာ လွန်စွာရိုးရှင်းသည်။ ယခုအခါ အိပ်ဇောငွေ့သန့်စင်စေနိုင်ရန်၊ ဆီစားနှုန်း ပိုမိုသက်သာစေနိုင်ရန်မောင်းနှင်ရာ၌ ပိုမိုလွယ်ကူစေနိုင်ရန်စသော လိုအပ်ချက်တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကာဘရိုက်တာတွင် ပိုမိုရှုပ်ထွေးသော နည်းစနစ်မာျး၊ ပစ္စည်းကိရိယာမာျးကို တပ်ဆင်အသုံးပြုလာရသည်။
ထို့ကြောင့် ကာဘရိုက်တာနေရာတွင် EFI စနစ်အစားထိုး အသုံးပြုလာသည်။ EFI စနစ်သည် အမျိုးမျိုးသော မော်တော်ယာဉ် မောင်းနှင်မှုပုံစံကိုလိုက်၍ တိကျသေချာသော လောင်စာဆီနှင့် လေအရောအနှောအချိုးရရှိစေရန် လောင်စာဆီကို လျှပ်စစ်နည်းပညာဖြင့် ထိန်းချုပ်ပန်းသွင်းပေးသော စနစ်ဖြစ်သည်။
ကာဘရိုက်တာနှင့် EFI တို့၏ လုပ်ဆောင်မှု ရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သော်လည်း ၎င်းတို့၏ ဝင်လာသော လေထုထည်ကို အာရုံခံတိုင်းတာမှုစနစ်နှင့် လောင်စာဆီပေးပို့မှုစနစ်တို့မှာ ကွဲပြားပါသည်။
ထို့အပြင် အင်ဂျင်အတွင်းသို့ ဝင်ရောက်သော လေထုထည်ပမာဏကို အာရုံခံတိုင်းတာပုံနည်းစနစ်အရ EFI စနစ်တွင် ပုံစံနှစ်မျိုးကွဲပြားပါသည်။
၁။ D-EFI (Manifold Pressure Control Type) (အဝင်လေဖိအားတိုင်းတာမှုပုံစံ)
၎င်းစနစ်တွင် throttle နှင့် Intake valve အကြားရှိ Intake Manifold တွင်ဖြစ်ပေါ်သော လေဟာနည်ဖိအားကိုတိုင်းတာ၍ လေ၏ သိပ်သည်ခြင်းမှတဆင့် လေ၏ ထုထည်ကို အာရုံခံတိုင်းတာသည်။
D-EFI စနစ်ကို အချို့သော TCCS အင်ဂျင်မာျးတွင် အသုံးပြုသည်။
D-EFI ဆိုသည်မှာ BOSCH ကုမ္ပဏီ၏ အမှတ်အသားသင်္ကေတဖြစ်သော D-Jetronic ကို ကိုယ်စားပြုသည်။ ၎င်း D-Jetronic ဆိုသော စကားလုံးသည် ဂျာမန်ဘာသာစကားဖြစ်ပြီး D သည် (Druck) ဖိအားဖြစ်၍Jetronic သည် Injection (အရည်ပန်းသွင်းခြင်း) အဓိပ္ပါယ်ဖြစ်သည်။
၂။ L-EFI (Air-Flow Control Type) (လေစီးဆင်းနှုန်းတိုင်းတာမှုပုံစံ)
၎င်းပုံစံတွင် Intake Manifold အတွင်းသို့ ဝင်ရောက်သော လေပမာဏကို Air Flow Meter (လေစီးဆင်းမှု တိုင်းတာသော ကိရိယာဖြင့်) တိုက်ရိုက်တိုင်းတာသည်။ L-EFI စနစ်ကို တိုယိုတာ၏ Analog Circuit Type EFI အင်ဂျင်များနှင့် TCCS အင်ဂျင်တွင် အသုံးပြုသည်။
L-EFI သည် L-Jetronic ဆိုသော ဂျာမန် စကားလုံးကို ရည်ညွှန်းခြင်းဖြစ်သည်။ L ဟူသော စာလုံးမှာ ဂျာမန်ဘာသာဖြင့် "LUFT” ဟူသော စကားလုံးကို ကိုယ်စားပြုပြီး Air (လေ) ဟု အဓိပ္ပာယ်ရသည်။