ဆိုင်ရှေ့ ပိတ်ရပ်သည့်ကား ၃ စီး ဝန်ပင့်ယာဉ်ဖြင့် ဖယ်ရှား


ဆိုင်ရှေ့ ပိတ်ရပ်သည့်ကား ၃ စီး ဝန်ပင့်ယာဉ်ဖြင့် ဖယ်ရှား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

မလေးရှားအမျိုးသားတစ်ဦးသည် ၎င်း၏ အလုပ်ရုံရှေ့ မျက်နှာစာတွင် ကားများပိတ်ဆို့ခြင်းကို ဆက်လက် သည်းမခံနိုင်တော့သဖြင့် ပိတ်ရပ်ထားသည့်ကား ၃ စီးကို ဝန်ပင့်ယာဉ် အသုံးပြုပြီး ဖယ်ရှားခဲ့ပါသည်။

 

၎င်းအမျိုးသား Mr Hasan Al Razak က ကားများ တစီးပြီး တစီး ဖယ်ရှားပုံကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုကို TikTok တွင် ဇန်နဝါရီလ ၂၁ ရက်တွင် တင်ပြခဲ့ပါသည်။

ဆီလန်ဂေါမှ ဘာတူဂူများ Batu Caves အနီးရှိ သူ့ဆိုင်ရှေ့တွင် ကား ၃ စီး ပိတ်ရပ်ထားပါသည်။

Batu Caves သည် ကွာလာလမ်ပူမြို့အနီးတွင် ရှိပြီး လာရောက်လည်ပတ်သူ များပြားပါသည်။

Batu Caves သည် နာမည်အကြီးဆုံး ဟိန္ဒူနတ်ကွန်းများထဲမှ တစ်ခုဖြစ်သည်။ ဟိန္ဒူစစ်နတ်မင်း Murugan အား ရည်စူးထားပြီး ၄၂.၇ မီတာရှိ နတ်မင်းရုပ်တုက ဂူအဝင်ဝတွင် ဆီးကြိုနေသည်။

ခရီးသွားများနှင့် ဟိန္ဒူဘာသာဝင် ထောင်ပေါင်းများစွာသည် ဂူနှင့် ဘုရားကျောင်းများသို့ နေ့စဉ် လာရောက်ကြသည်။

ဇန်နဝါရီလ ၂၅ ရက်တွင် ကျရောက်သည့် ပွဲတော်ရက်တွင် လာရောက်သူ ၂ သန်းအထိ ရှိမည် ဖြစ်သည်။

 

Batu Caves သို့ လာရောက်သည်ကို ကြိုဆိုပါကြောင်း၊ သို့သော် ဆိုင်ရှေ့ ကားပိတ်ရပ်သဖြင့် ဆိုင်လုပ်ငန်း ထိခိုက်သောကြောင့် ဆိုင်ရှေ့ ကားမရပ်ဖို့ ဗီဒီယိုတွင် ၎င်းက ပြောကြားထားသည်။

 

သမားရိုးကျမဟုတ်သော ကားရွှေ့ပုံကို ကြည့်ရှုခဲ့ကြသော လမ်းသွားလမ်းလာများ တုန်လှုပ်သွားခဲ့ကြသည်။ ပွဲကြမ်းနေပြီဟု ယူဆကြသည်။

Mr Hasan က ကားအောက်ပိုင်း မထိခိုက်စေရန် တတ်နိုင်သမျှ အညင်သာဆုံး လုပ်ကိုင်ပေးခဲ့ကြောင်း ပြောကြားသည်။

အင်တာနက်တွင် Mr Hasan ၏ လုပ်ရပ်ကို ချီးကျူးကြသည်။ 

မဆင်မခြင် ကားရပ်သော ယာဉ်မောင်းများကို ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လုပ်ရပ်များ၏ အကျိုးဆက်ကို ပြသခြင်းဟု ဆိုသည်၊

 

Source straitstimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1011 times