ကိုရီးယားတွင် နိုင်ငံခြားသား မော်တော်ယာဉ် စက်ပြင်ဆရာများ ခေါ်ယူခန့်ထားရန် တိုက်တွန်း


ကိုရီးယားတွင် နိုင်ငံခြားသား မော်တော်ယာဉ် စက်ပြင်ဆရာများ ခေါ်ယူခန့်ထားရန် တိုက်တွန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကိုရီးယားလူငယ်တွေကြား စက်ပြင်ဆရာအလုပ်ကို စိတ်မဝင်စားကြသဖြင့် လုပ်သား ရှားပါးမှု ကြုံနေရသည်ကို ဖြေရှင်းရန်အတွက်  နိုင်ငံခြားသား  မော်တော်ယာဉ် စက်ပြင်ဆရာများကို ပိုမိုခေါ်ယူခန့်ထားနိုင်စေရန် ဗီဇာစည်းမျဉ်းများကို ဖြေလျော့ပေးသင့်ကြောင်း မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းကဏ္ဍမှ ကျွမ်းကျင်သူများနှင့် ၎င်းကဏ္ဍမှ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့ (မတ် ၆) တွင် ပြောကြားပါသည်။ 

 

မော်တော်ယာဉ် စက်ပြင်ဆရာ အသက်မွေးဝမ်းကြောင်းအလုပ်အပေါ် အထင်‌သေးသည့် လူမှုရေး အမြင်သဘောထားများကြောင့် မော်တော်ယာဉ် ပြုပြင်ရေး လုပ်ငန်းကဏ္ဍကို ပစ်ပယ်ထားကြသည့် လူငယ် အရေအတွက် တိုးလာနေသည်ဟု ၎င်းတို့က ပြောကြားသည်။ သို့ဖြစ်ရာ အစိုးရက နိုင်ငံခြားသား မော်တော်ယာဉ် စက်ပြင်ဆရာများ အရေအတွက် တိုးအောင် ဆောင်ရွက်ပေးဖို့ လိုအပ်နေသည်။

 

"ဒီမှာ မော်တော်ယာဉ် စက်ပြင်ဆရာအလုပ်နဲ့ပတ်သက်တဲ့ ယေဘုယျခံယူချက်တွေကို ပြောင်းလဲဖို့ဆိုတာ လက်တွေ့မှာ အတော်ခက်ပါတယ်။ ဒီတော့ လူငယ်တွေ မော်တော်ယာဉ် ပြုပြင်ရေး လုပ်ငန်းကဏ္ဍထဲ ရောက်မလာကြတော့ဘူး" ဟု Daedeok တက္ကသိုလ်မှ မော်တော်ယာဥ်အင်ဂျင်နီယာ ပါမောက္ခ Lee Ho-geun က ပြောသည်။

 

ကိုရီးယား လူငယ်များသည် စက်ပြင်ဆရာအဖြစ် လုပ်ကိုင်ရန် လုံးဝ စိတ်မဝင်စားကြချေ။   BMW နှင့်  Mercedes-Benz ကမ္ဘာ့ နာမည်ကြီး ကားလုပ်ငန်းများကိုပင်လျှင် စိတ်မဝင်စားကြချေ။ ယခုအခါ ကိုရီးယားတွင် မော်တော်ယာဉ် စက်ပြင်ဆရာ အများစုမှာ အသက် ၄၀ နှင့်အထက် ရှိကြသူများ ဖြစ်သည်။ 

 

မော်တော်ယာဉ် စက်ပြင်ဆရာအတွက် ဗီဇာစည်းကမ်းများသည် ဂျပန်ကို အတုယူသင့်သည်ဟု ၎င်းက ဆိုသည်။

"ဂျပန်မှာ ကားပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အရည်အချင်းစစ်စာမေးပွဲကို ကျွမ်းကျင်တဲ့နိုင်ငံခြားသားတွေက အောင်ခဲ့မယ်ဆိုရင် သူတို့ နေထိုင်တဲ့ကာလကို ကန့်သတ်ချက် မထားဘူး။ တကယ်လို့ သူတို့က ဆယ်စုနှစ်တစ်ခုကျော်ကြာ ဂျပန်မှာ နေထိုင်ပါက အမြဲတမ်းနေထိုင်ခွင့် ထုတ်ပေးလိုက်တယ်။ ကိုရီးယားမှာတော့ အမြဲတမ်းနေထိုင်ခွင့် မပေးဘူး"

ဟု ၎င်းက ပြောကြားသည်။ 

 

Source koreatimes


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 219 times