Ford ကုမ္ပဏီသည် ၎င်းတို့၏ လျှပ်စစ်ကားများကို တရုတ်နိုင်ငံတွင် စတင်တည်ဆောက်မည်


Ford ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ၎င်း၏ထင်ရှားကျော်ကြားသော Mustang ကားများကိုပထမဆုံးအနေဖြင့် စတင်တည်ဆောက်မည်ဖြစ်သည်။ အဆိုပါ အမေရိကန်ကားထုတ်လုပ်သူသည် Mustang Mach-E ကို တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်ဈေးကွက်သို့ ထိုးဖောက်ရန် ယခုနှစ်နှောင်းပိုင်းတွင် စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုလ အစောပိုင်းတွင် Tesla သည် ၎င်း၏ Model Y ကို တရုတ်ဖောက်သည်များအား ရှန်ဟိုင်းစက်ရုံမှ စတင်ပေးပို့ခဲ့သည်။ အနောက်တိုင်းကုန်အမှတ်တံဆိပ်များသည်တရုတ်နိုင်ငံကို ပစ်မှတ်ထားပြီး လျှပ်စစ်ကား ရောင်းချမှု ကြီးထွားလာရန် မျှော်လင့်ထားသည်။

Volkswagen သည်လည်း မကြာမီမှာပင် အသစ်စက်စက်တည်ဆောက်ထားသော တရုတ်စက်ရုံ ၂ ခုတွင် လျှပ်စစ်ကားများကို စတင်ထုတ်လုပ်၍ ရောင်းချတော့မည်ဖြစ်သည်။တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးကားဈေးကွက် ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း မော်တော်ယာဉ် သန်း ၂၀ ကျော် ရောင်းချနိုင်သည်။

လျှပ်စစ်စွမ်းအင်သုံး Mustang အသစ်သည်  sports utility vehicle (SUV) အမျိုးအစား ဖြစ်ပြီး တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာ နှေးကွေးသော ရောင်းအားကို ပြန်လည်နာလန်ထူရန် နှင့် ဒေသတွင်း၌ ထုတ်လုပ်ခြင်းဖြင့် ဖောက်သည်များနှင့် ပိုမိုချိတ်ဆက်ရန် အခွင့်အရေးတစ်ခုဖြစ်သည်။ Mustang ကားများသည် အကုန်အကျများသော သွင်းကုန်များကြောင့် တရုတ်နိုင်ငံတွင်သာ ရနိုင်သည်။

Ford သည် ပြီးခဲ့သည့်နှစ် မတ်လတွင် ၎င်း၏ပထမဆုံးပြုလုပ်ထားသော China Lincoln မော်တော်ယာဉ်များကို ဖြန့်ချိခဲ့သော်လည်း ထိုအမှတ်တံဆိပ်သည် ၎င်း၏ ပြိုင်ဘက်များနှင့် နှိုင်းယှဉ်လျှင် တရုတ်ဈေးကွက်တွင် မထိုးဖောက်နိုင်သေးပေ။ ၂၀၁၁ ခုနှစ်တွင် Ford China 2.0 ဟုခေါ်သော မဟာဗျူဟာကို စတင်ခဲ့ပြီး ဒေသတွင်းပိုမိုကိုက်ညီသော ထုတ်ကုန်များ ထုတ်လုပ်ရန် ကတိပေးခဲ့သည်။
 

Read 403 times