တရုတ်ဈေးကွက်ကိုဦးဆောင်နိုင်ရန် Grand Plan များချမှတ်ခဲ့တဲ့ Ford


Ford သည် တရုတ်ဈေးကွက်တွင် ရောင်းအားပြည့်မှီရန်များစွာ ခက်ခဲလာသည့်အတွက် Grand Plan ကို ချမှတ်ခဲ့ပြီး ၎င်းတွင် (၂၀၂၅ ) ခုနှစ်အတွင်း Model အသစ် ၅၀ ခန့်ထပ်မံထုတ်လုပ်ရန်ဖြစ်ပါတယ်။

 

၎င်းတို့အနက် Crossover များသည် အများစုဖြစ်ကာ ဈေးကွက် တောင်းဆိုမှုကြောင့် ဖြစ်ပါတယ်။

 

2019 Ford Territory သည် တရုတ်ဈေးကွက်အတွက် All – New Crossover ဖြစ်ပြီး Australian သို့ တင်ပို့သည့် Ford Territory နှင့် မတူညီပါ။

 

တရုတ်ဈေးကွက်သို့ ရောင်းချမည့် Territory Model သည် ( နောက်ဘီးယက်စနစ်) သုံး Ford Falcon အား အခြေခံထားပြီး တရုတ်ကား ကုမ္ပဏီဖြစ်သည့် JMC နှင့် ( Co- developed ) ဖန်တီးထားသည့် ကားလည်းဖြစ်ပါတယ်။

 

၎င်းတွင် အင်ဂျင်စနစ်( ၃ ) မျိူးထည့်သွင်းထားမည်ဖြစ်ပြီး (သမားရိုးကျ Gas – powered Engine ) ၊ (48 V mild – hybrid ထောက်ပံ့ထားသည့် Miller – Cycle – Style Engine ) နှင့် ( Plug – in Hybrid Engine ) တို့ဖြစ်ပါတယ်။

 

Ford ၏ အဆိုအရ - Territory ၏ ဒီဇိုင်း ၊စမ်းသပ်မှုနှင့် Engineering တို့အား Ford မှ စီစဉ်ဖန်တီးပြီး JMC အနေဖြင့် တရုတ်ဈေးကွက်သို့ရောင်းချရန်အတွက်သာ စီစဉ်ပေးမှာဖြစ်တယ်။

 

ထို့အပြင် Territory အား JMC ၏စက်ရုံတွင်သာ ထုတ်လုပ်တပ်ဆင်ပါတယ်။

 

( Car News China ) ၏ အဆိုအရ Territory သည် JMC မှ ထုတ်လုပ်ထားသည့် Yusheng S 330 Model နှင့် ရောင်းချရမှု တူညီနိုင်မည်ဖြစ်သော်လည်း Ford အတွက်အောင်မြင်မည့် Model ဟု သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

 

2019 Territory အား ဆန်းသစ်သည့်ပုံစံဖြင့် ဖန်တီးထားကာ တရုတ် ဈေးကွက်နှင့် ကိုက်ညီမည့် Features များ ၊ အခင်းအကျင်းများဖြင့် ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

 

၎င်းအား 2019 တွင်စတင် ရောင်းချမည်ဖြစ်ပြီး Ford ၏ မိခင်နိုင်ငံဖြစ်သည့် ( U.S. A ) ၏ Safety နှင့် Emission အဆင့် သတ်မှတ်ချက်များနှင့် ကွဲလွဲသည့် စံနှုန်းများဖြင့် ထုတ်လုပ်မည်ဟု သိရပါတယ်။

Read 433 times