Ford Ranger ရဲ့ အမြွှာ Volkswagen Amarok.


Ford Ranger ရဲ့ အမြွှာ Volkswagen Amarok.

 

Volkswagen က အလန်းစား ဒီဇိုင်း ပြန်ထုတ်ထားတဲ့  Amarok ကို ပြသခဲ့ပါတယ်။ 
ယခုနှစ် နိုဝင်ဘာလမှာ စတင်ရောင်းချဖို့ လျာထားတဲ့ Amarok  က ဒီဇိုင်း ပြန်ထုတ်ထားတဲ့ Ford Ranger ရဲ့ အမြွှာဖြစ်ပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးကို ပလက်ဖောင်း တစ်ခုတည်းပေါ်မှာ မွေးဖွားပေးထားပါတယ်။ 
အလယ်အလတ် အရွယ်အစား ပစ်ကပ်ထရပ်အမျိုးအစား Amarok ကို အာဖရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ ဩစတေးလျ၊ နယူးဇီလန် တို့ရဲ့ အချို့နေရာတွေမှာ ရောင်းချမယ်လို့ VW  က ဆိုပါတယ်။ 

 

 


အမေရိကန်ဈေးကွက်မှာတော့ Ford Ranger ကို ယခုနှစ်ကုန်ပိုင်းမှာ စတင်ရောင်းချဖို့ ရည်မှန်းထားပါတယ်။ 
ဒီဇိုင်း ပြန်ထုတ်ထားတဲ့ Amarok နဲ့ Ranger  နှစ်မျိုးစလုံးက လက်ရှိ  Ranger ရဲ့  မွမ်းမံထားတဲ့ T6 body-on-frame platform ရဲ့ ဗားရှင်းတွေ ဖြစ်ကြပါတယ်။  မွမ်းမံထားတဲ့ ပလက်ဖောင်းက ပွဲဦးထွက်အဖြစ် ခေတ်ပေါ် Ford Bronco ကို အဦးဆုံး ထုတ်လုပ်ခဲ့ပါတယ်။ 

 


Ford Ranger ရဲ့ ကိုယ်လုံးကိုယ်ထည်က အလျား 210.6 လက်မ  ရှိပါတယ်။ Amarok ထက် 3.8 လက်မ ပိုရှည်ပါတယ်။ 
ရှေ့ဘီးနောက်ဘီး ၂ ခုကြားအကွာအဝေးဖြစ်တဲ့ wheelbase  က  128.7  လက်မ ရှိပါတယ်။ 


ကိုယ်ထည်စတိုင်လ် ၂ မျိုး ထုတ်ပါတယ်။  two-door single cab နှင့် four-door crew cab  တို့ ဖြစ်ပါတယ်။ 

2022 Volkswagen Amarok ကို အင်ဂျင် ၅ မျိုး ဖြင့် ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ အားလုံး  turbocharge တွေ ဖြစ်ပါတယ်။ တစ်မျိုးက ဓာတ်ဆီအင်ဂျင်ဖြစ်ပြီး ကျန် ၄ မျိုးက ဒီဇယ်အင်ဂျင် ဖြစ်ပါတယ်။ 
ဓာတ်ဆီအင်ဂျင်က Ford ရဲ့  2.3-liter ဆလင်ဒါ ၄ လုံးထိုး ပါဝါ  297 hp ကိုသုံးထားတယ်။ 
ဒီဇယ်အင်ဂျင်က VW ရဲ့ အင်ဂျင်အသစ် 3.0-liter V-6 ဖြစ်ပြီး ပါဝါ 247 hp အထိ ရနိုင်ပါတယ်။ 
အင်ဂျင်အပေါ် မူတည်ပြီး လက်ထိုး ဂီယာ ၅ ချက် နှင့် ၆ ချက် ကွဲပြားမှာ ဖြစ်ပါတယ်။ အော်တိုဂီယာမှာတော့ ၆ ချက်နှင့် ၁၀ ချက် ကွဲပြားမှာ ဖြစ်ပါတယ်။ 
ဈေးကွက်အများစုမှာ နောက်ဘီးယက်တွေ ရောင်းချမှာ ဖြစ်ပါတယ်။ ၄ ဘီးယက်ကို တချို့ ဈေးကွက်မှာ ရောင်းချမယ်လို့ ဆိုပါတယ်။ 


Ford  က VW  အတွက်  Amarok ကို တောင်အာဖရိကနိုင်ငံမှာ တည်ရှိတဲ့ ၎င်းရဲ့ စက်ရုံမှာ ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ 
#MyanmarAutomobileGuide
 Telegram Channel
https://t.me/Guid4U

 

 

 

 

 

 

Read 302 times