Ford Motor က ဒေါ်လာ ၅.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး တစ်နှစ် အီးဗီ ၅ သိန်း ထုတ်လုပ်မည်


Ford Motor က ဒေါ်လာ ၅.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး တစ်နှစ် အီးဗီ ၅ သိန်း ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

• တင်နက်ဆီပြည်နယ် မင်ဖစ်မြို့အပြင်ဘက်တွင် တည်ရှိသော Ford Motor ၏ စက်ရုံဝင်း BlueOval City တွင် စက်ရုံ အပြည့်အဝ လည်ပတ်သည့်အခါ တစ်နှစ် အီးဗီ ၅ သိန်းထုတ်လုပ်နိုင်မည့် စက်ရုံသစ်ကို တည်ဆောက်နေကြောင်း Ford က သတင်းထုတ်ပြန်သည်။

• နောက်မျိုးဆက် လျှပ်စစ်ထရပ် “T3” ကို စတင် ထုတ်လုပ်မည်။ “T3” သည် “TrustTheTruck” အမည်ကို တီသုံးလုံး “T3” ဟု အတိုကောက် ခေါ်ဝေါခြင်းဖြစ်ပါသည်။

• အီးဗီဘက်ထရီ ထုတ်လုပ်ပေးသွင်းသည် SK On နှင့် Ford Motor တို့သည် BlueOval City တွင် ကန်ဒေါ်လာ ၅.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသော ဘက်ထရီစက်ရုံသည် ၂၀၂၅ တွင် ထုတ်လုပ်မှု စတင်မည်။

 
West Tennessee တွင် တည်ရှိသော BlueOval City လျှပ်စစ်ကားနှင့် ဘက်ထရီထုတ်လုပ်ရေး စက်ရုံဝင်းသည်  ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် စီစဉ်ထားသည်။

၎င်းစက်ရုံဝင်းတွင် Ford Motor ၏ ဒုတိယမျိုးဆက် လျှပ်စစ်ထရပ်ကား ထုတ်လုပ်မည့် ဘူမိနက်သန် ဖြစ်ပြီး စီမံကိန်းကို Project T3 ဟု အမည်ပေးထားသည်။  စက်ရုံ အပြည့်အဝ လည်ပတ်သည့်အခါ တစ်နှစ်လျှင် အီးဗီ ထရပ်ကား အစီးရေ ၅ သိန်းအထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

“Project T3 က အမေရိကန် ထရပ်ကားကို တော်လှန်ပြောင်းလဲပစ်ရန် တစ်သက်တာလျှင် တစ်ကြိမ်သာ ကြုံမည့် အခွင့်အရေးဖြစ်ပါတယ်” ဟု Ford စီအီးအို Jim Farley က သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

Ford နှင့် တောင်ကိုရီးယားအခြေစိုက် ဘက်ထရီလုပ်ငန်း SK On တို့သည် ကြီးမားသောဘက်ထရီဆဲလ်စက်ရုံအပါအဝင် BlueOval City စက်ရုံဝင်းတွင် ကန်ဒေါ်လာ ၅.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ အီးဗီများအတွက် ဘက်ထရီများကို ၂၀၂၅ တွင် စတင်ထုတ်လုပ်မည်။

BlueOval City သည် Ford ၏ ၂၀၂၆ တွင် အီးဗီ အစီးရေ  ၂ သန်းထုတ်လုပ်နိုင်စွမ်းရှိ‌နေစေမည့်အစီအစဉ်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

အီးဗီကဏ္ဍတွင် ငွေသွန်ထည့်နေရသဖြင့် ယမန်နှစ်က ကန်ဒေါ်လာ ၂.၁ ဘီလီယံ အရှုံးပြခဲ့ပြီး ယခုနှစ် ၂၀၂၃ တွင် ကန်ဒေါ်လာ ၃ ဘီလီယံ အရှုံးပေါ်မည်ဟု ခန့်မှန်းထားပါသည်။
Source cnbc
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 356 times