Ford Myanmar မှ Summer Sale Special Offer အစီအစဉ်အဖြစ် ကားအမျိုးအစားလေးမျိုးကို အထူးလျှော့ဈေး


Ford Myanmar မှ Summer Sale Special Offer အစီအစဉ်အဖြစ် ကားအမျိုးအစားလေးမျိုးကို အထူးလျှော့ဈေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရပါတယ်။

Ford Myanmar မှ Ford Everest ၊ Ford Ranger Rap Cab ၊ Ford Ranger Double Cab နှင့် Ford Explorer XLT တို့ကို Summer Sale Special Offer အစီအစဉ်ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ Ford Everest သည် Station Wagon ကားအမျိုးအစားဖြစ် ပြီး 3.2L ဒီဇယ်အင်ဂျင် တပ်ဆင်ထားသောကားအမျိုးအစား ဖြစ်ပါတယ်။ Ford Ranger Rap Cab ကတော့ 2.2L TDCi ပရီမီယမ် ဒီဇယ်အင်ဂျင် တပ်ဆင်ထားသော Pick-up ကားအမျိုးအစားဖြစ်ပြီး Ford Explorer ကတော့ 2.3L Ecoboost ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားသော SUV ကား အမျိုးအစား ဖြစ်ပါတယ်။

“Ford Myanmar ကနေ Ford ကားအမျိုးအစား လေးမျိုးကို Summer Sale Special Offer အစီအစဉ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်၊ ပရိုမိုးရှင်းကာလကို ဖေဖော်ဝါရီ ၂၂ ရက်ကနေ စတင် ရောင်းချပေးမှာဖြစ်ပြီး ကားအရေ အတွက် ကန့်သတ်ထားလို့ အမြန် ဆုံး လာရောက်ဝယ်ယူဖို့ ဖိတ်ခေါ် ချင်ပါတယ်”ဟု Ford Myanmar မှ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

Ford Myanmar မှ Ford Everest ကို အမေရိကန်ဒေါ်လာ ၃၉,၉၉၅၊ Ford Ranger Rap Cab ကို အမေရိကန်ဒေါ်လာ ၂၉,၉၉၅၊ Ford Ranger Double Cab ကို အမေရိကန်ဒေါ်လာ ၃၂,၉၉၅၊ Ford Explorer XLT ကို အမေရိကန်ဒေါ်လာ ၉၉,၉၉၅ တို့ဖြင့် Promotion ကာလအတွင်း ရောင်းချပေးမည်ဖြစ်ပြီး ထိုကားများအတွက် ငါးနှစ် သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေး ထားကြောင်းလဲ သိရပါတယ်။

Source;Automobile Journal

Read 592 times