ရန်ကုန်လိုင်စင် New Everest နှင့် Ranger Rap Cab တို့ကို Ford Myanmar မှ Summer Promotion အစီအစဉ်


Summer Promotion အစီအစဉ်ဖြင့် ရောင်းချပေးမည့် New Everest Titanium သည် SUV ကားအမျိုးအစားဖြစ်ပြီး 3.2 L TDCi Turbo Diesel အင်ဂျင်တပ်ဆင်ထားသော ခုနစ်ယောက်စီး ကား ဖြစ်သည်။ Ford New Everest Ambiente သည် 2.2L ဒီဇယ်အင်ဂျင် တပ်ဆင်ထားသော ခုနစ်ယောက်စီး SUV ကားအမျိုးအစား ဖြစ်ကာ Ford Ranger Rap Cab သည် 2.2L TDCi Turbo ပရီမီယမ်ဒီဇယ် အင်ဂျင် တပ်ဆင်ထားသော Pick-up ကား အမျိုးအစား ဖြစ်သည်။

“Ford Myanmar ကနေ Ford ကားအမျိုးအစားတွေထဲက New Everest Titanium ၊ New Everest Ambiente နဲ့ Ranger Rap Cab တို့ကို Summer Promotion အစီအစဉ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်၊ Promotion ကာလ ဧပြီလကုန်အထိ သတ်မှတ် ထားပြီး ရောင်းချပေးမယ့် ကားအရေအတွက်ကိုတော့ ကန့်သတ် မထားပါဘူး”ဟု Ford Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထူးလျှော့ဈေး သတ်မှတ်ပြီး Ford Myanmar အစီအစဉ် ဖြင့် ရောင်းချရာတွင် New Everest Titanium ကို အမေရိကန် ဒေါ်လာ ၆၃,၅၀၀၊ New Everest Ambiente ကို အမေရိကန်ဒေါ်လာ ၃၉,၉၉၅ နှင့် Ranger Rap Cab ကို အမေရိကန် ဒေါ်လာ ၂၉,၉၉၅ တို့ဖြင့် ရောင်းချ ပေးမည်ဖြစ်သည်။ ထို့ပြင် အထူး အစီအစဉ်အဖြစ် ထိုကားများကို ငါးနှစ် အာမခံနှင့် Unlimited Kilometer Warranty ပေးမည် ဖြစ်ကြောင်း သိရသည်။

 

Read 1705 times