Ford Motor Co ဝန်ထမ်းအင်အား ၈,၀၀၀ လျှော့ချရန် စီစဉ်


Ford Motor Co ဝန်ထမ်းအင်အား ၈,၀၀၀ လျှော့ချရန် စီစဉ်

Ford Motor Co က လာမယ့် သီတင်းပတ်များအတွင်း ဝန်ထမ်းအင်အား ၈,၀၀၀ လျှော့ချခြင်းဖြင့် ကုန်ကျစရိတ် လျော့ကျစေမှာ ဖြစ်ပြီး လျှပ်စစ်မော်တော်ယာဉ်များအပေါ် စူးစိုက်လုပ်ကိုင်ခြင်းကို အရှိန်အဟုန်မြှင့်တင်ဖို့ အစီအစဉ် ရေးဆွဲထားကြောင်း Reuters က သတင်းဖော်ပြပါတယ်။

 Ford ရဲ့ လလစားများကို ဝန်ထမ်းဦးရေ လျှော့ချမှာ ဖြစ်ပါတယ်။ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် internal combustion engine ICE အတွက် မတ်လမှာ ဖွဲ့စည်းခဲ့တဲ့ Ford Blue အဖွဲ့ကိုလည်း ဖျက်သိမ်းမှာ ဖြစ်တယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

 ဝန်ထမ်းအင်အား ၈,၀၀၀ လျှော့ချတာကို တစ်သုတ်ပြီးတစ်သုတ် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ 

လောလောဆယ် ၈,၀၀၀ လျှော့ချဖို့ လျာထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ အတိအကျ အသေးစိတ် မဆုံးဖြတ်ရသေးပါဘူးလို့ ဆိုပါတယ်။

 Ford ရဲ့ အီးဗီထုတ်လုပ်ရေး ရည်မှန်းချက်က ၂၀၂၃ မှာ တစ်နှစ်စီးရေ ၆ သိန်း ထုတ်လုပ်နိုင်ရန်နှင့် ၂၀၂၆ မှာ တစ်နှစ်စီးရေ ၂သန်းကျော် အီးဗီများ ထုတ်လုပ်နိုင်ရန် ဖြစ်ပါတယ်။

Ford က မတ်လမှာ အီးဗီအတွက် ၂၀၂၆ အထိ ကန်ဒေါ်လာ ၅၀ ဘီလျံ သုံးစွဲမှာ ဖြစ်ပါတယ်။ 

ကုမ္ပဏီကိုလည်း နှစ်ခြမ်းခွဲလိုက်ပြီး သီးခြားရပ်တည်စေပါတယ်။ တစ်ခြမ်းက အီးဗီကို လုပ်ကိုင်မယ့် Ford Model e ဖြစ်ပြီး ကျန်တစ်ခြမ်းက ဓာတ်ဆီအင်ဂျင်ကို လုပ်ကိုင်မယ့် Ford Blue ဖြစ်ပါတယ်။ ဝန်ထမ်းအင်အားလျှော့ချခြင်းကို Ford Blue အခြမ်းမှာ လုပ်ဆောင်ပါမယ်။

အီးဗီလုပ်ငန်းကဏ္ဍက ၂၀၂၅ မှာ ထုတ်လုပ်မယ့် နောက်မျိုးဆက်မော်ဒယ်တွေအထိ အမြတ်မရနိုင်ဘူးလို့ Ford က ခန့်မှန်းထားပါတယ်။ 

#MyanmarAutomobileGuide 

 Telegram Channel

https://t.me/Guid4U

Source: Reuters

Read 759 times