Ford စီအီးအိုက အကြီးမားဆုံး ယှဉ်ပြိုင်မှုကို ထုတ်ဖော်ပြောကြား


Ford စီအီးအိုက အကြီးမားဆုံး ယှဉ်ပြိုင်မှုကို ထုတ်ဖော်ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Ford Motor ၏ လျှပ်စစ်ကားများအတွက်  အကြီးမားဆုံး ပြိုင်ဆိုင်မှုသည် အမေရိကန် အီးဗီထုတ်လုပ်မှုတွင် ဦးဆောင်နေသည့် Tesla နှင့် ပြိုင်ဆိုင်ရခြင်း မဟုတ်ကြောင်း၊ General Motors နှင့် ယှဉ်ပြိုင်ရခြင်းလည်း မဟုတ်ကြောင်း၊ တရုတ်မော်တော်ကားထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်နေရခြင်းသည် အကြီးမားဆုံး ယှဉ်ပြိုင်မှုဟု Ford စီအီးအို Jim Farley က ပြောကြားခဲ့သည်။

Farley သည် EV များကို အောင်မြင်စွာ ဖွံ့ဖြိုးထုတ်လုပ်ပြီး ရောင်းချ‌နေကြသည့် တရုတ်ကားထုတ်လုပ်သူများကို  အဓိကဥပမာအဖြစ် BYD ကို  အသုံးပြုပြီး ပြောပြခဲ့သည်။

BYD သည် တရုတ်နိုင်ငံတွင် ၎င်း၏ရောင်းအား ကြီးထွားခဲ့ရာ၌  ၂၀၁၅ ခုနှစ်တွင် အစီးရေ ၄၄၅,၀၀ ရောင်းချခဲ့ရာမှ ယမန်နှစ်တွင် အစီးရေ နှစ်သန်းနီးပါးအထိ ရောင်းချခဲ့သည်။
တရုတ်နိုင်ငံတွင် ရောင်းအားအကောင်းဆုံး မော်တော်ကား ထုတ်လုပ်သူ ငါးဦးထဲ ပါဝင်လာသည်။ ယခုအခါ ဥရောပဈေးကွက်တွင် ရောင်းချနေပြီ ဖြစ်သည်။ 

BYD ၏ ဇိမ်ခံအမှတ်တံဆိပ်အသစ် Yangwang သည် ပထမဆုံးမော်ဒယ် U8 ကို ယွမ် ၁ သန်း (အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀) ကျော်ဖြင့် ရောင်းချနေသည်။

BYD ကဲ့သို့သော တရုတ်ကားကုမ္ပဏီများသည် အမေရိကန်မှ  ကြီးမားသော  မော်တော်ကားထုတ်လုပ်သူများနှင့် လျှပ်စစ်ကား ထုတ်လုပ်သည့် လုပ်ငန်းသစ်များထက် ရှေ့သို့ ရောက်နေကြောင်း အထူးသဖြင့် ဘက်ထရီ ဓာတုဗေဒနှင့် အခြား ပေါ်ထွန်းလာသော နည်းပညာများတွင် ရှေ့ဆုံးတွင် ရောက်နေကြောင်း Farley မှ ပြောကြားခဲ့သည်။


"ကျွန်တော်တို့ရဲ့ အဓိက ပြိုင်ဘက်က GM နှင့် Toyota မဟုတ်ပါဘူး။ တရုတ်ကားလုပ်ငန်းတွေကို အဓိက ပြိုင်ဘက်အဖြစ် ကျွန်တော်တို့ မြင်ပါတယ်" ဟု Farley က ပြောကြားသည်။

"ကျွန်တော် BYD ကို သဘောကျတယ်။ လုပ်ငန်းကဏ္ဍတွေကို   လုံးဝ ဒေါင်လိုက်ပေါင်းစပ်ထားတယ်။ တက်ကြွထက်သန်တယ်။ အလွန့်အလွန်
အထင်ကြီးစရာကောင်းတဲ့ ကုမ္ပဏီ။ သူတို့က လျှပ်စစ်ကားကို သံန္နိဋ္ဌာန် အမြဲချထားတယ်" ဟု Farley က ပြောကြားသည်။ 

“BYD က အခုဆိုရင် Tesla ထက် အရွယ်အစား ပိုကြီးမားနေပြီ။ LFP (lithium iron phosphate) နည်းပညာသုံးပြီး ပိုကောင်းတဲ့ ဘက်ထရီတွေ ထုတ်လုပ်တယ်" ဟု Farley က ပြောကြားသည်။


Ford သည် ယခုနှစ်အစောပိုင်းတွင် အမေရိကန်နိုင်ငံ မစ်ရှီဂန်တွင် စျေးသက်သာသော LFP ဘက်ထရီများ ထုတ်လုပ်ရန်အတွက် ဒေါ်လာ ၃.၅ ဘီလီယံတန် စက်ရုံသစ်တစ်ခုကို China’s Contemporary Amperex Technology Co.  CATL နှင့် အတူပူးပေါင်း လုပ်ကိုင်မည်။
၂၀၂၆ ခုနှစ်တွင် ဖွင့်လှစ်ရန် မျှော်မှန်းထားပြီး လူပေါင်း ၂,၅၀၀ ခန့် အလုပ်ခန့်ထားမည်။
Ford က CATL ၏ နည်းပညာများကို လိုင်စင်ယူပြီး လုပ်ကိုင်မည်။ ဖက်စပ်လုပ်ငန်း မဟုတ်ဘဲ Ford က အပြည့်အဝ ပိုင်ဆိုင်သည့် လက်အောက်ခံလုပ်ငန်းတစ်ခု ဖြစ်သည်။

Source cnbc

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 240 times