တိုယိုတာ နည်းတူ ဖို့ဒ်က ဟိုက်ဘရစ် ယာဉ်ကြောပေါ် မောင်းနှင်မည်


တိုယိုတာ နည်းတူ ဖို့ဒ်က ဟိုက်ဘရစ် ယာဉ်ကြောပေါ် မောင်းနှင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ဖို့ဒ်သည် အီးဗီဆီသို့ အကူးအပြောင်းတွင် ရင်းနှီးမြှုပ်နှံမှုများ ကြီးမားနေပြီး စရိတ်ထောင်းလာသဖြင့် အီးဗီ အစီအစဉ်များကို နှေးထားလိုက်ပြီး ဟိုက်ဘရစ်ကားများ ထုတ်လုပ်ရန် အလေးပေး သွားမည် ဖြစ်သည်။ 
ဟိုက်ဘရစ်ကို အားပြုထားသော နည်းလမ်းမှာ တိုယိုတာ ကျင့်သုံးနေသည့် လမ်းစဉ်ဖြစ်ပြီး ဖို့ဒ်ကလည်း အီးဗီအပေါ် ပုံအောထားခြင်းကို ရုပ်သိမ်းလိုက်ပြီး တိုယိုတာ နည်းတူ ဟိုက်ဘရစ်ကားမော်ဒယ်များအပေါ် ပုံအောမည် ဖြစ်သည်။ 

ဖို့ဒ်သည် နိုဝင်ဘာလတွင် အီးဗီ ၈၉၅၈ စီးသာ ရောင်းချခဲ့ရသည်။ စီးရေ တသောင်းပင်လျှင် မပြည့်ခဲ့ချေ။ 

 

ကုမ္ပဏီ၏ ဘဏ္ဍာရေးမှူးချုပ် ဖြစ်သူ John Lawler မှ Ford သည် အီးဗီအသုံးစရိတ် ကန်ဒေါ်လာ ၁၂ ဘီလီယံခန့်အပါအဝင် ရင်းနှီးမြှုပ်နှံမှု အချို့ကို  နှေးထားသည်ဟု ပြောကြားခဲ့သည်။

ကူမ္ပဏီသည် အီးဗီသို့ ကူးပြောင်းရေး မဟာဗျူဟာကို အပြောင်းအလဲ မပြုသော်လည်း အမြန်နှုန်းကို လျှော့ချထားသည်ဟု ၎င်းက ပြောကြားသည်။ 
အီးဗီကို လျှော့ချပြီး ဟိုက်ဘရစ်ကို နေရာပိုပေးသွားမည် ဖြစ်သည်။ 

Source electrek
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1565 times