Ford F-150 Lightning အတွက် အိမ်မီးထွန်းစနစ် ရောင်းချ
Ford F-150 Lightning မှာ ပါတဲ့ Intelligent Backup Power အင်္ဂါရပ်ကို အိမ်မီးထွန်းဖို့ သုံးချင်ရင် F-150 Lightning ကားနှင့် တွဲဖက်ပေါင်းစပ်ဖို့ Ford Charge Station Pro ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Ford ကား။အရောင်းပြခန်းတွေမှာ အမေရိကန်ဒေါ်လာ ၁,၃၁၀ ဖြင့် ရောင်းချပေးပါတယ်။ 80-amp အားသွင်းစက် ဖြစ်ပြီး အပိုဆောင်း Extended Range ဘက်ထရီထုပ် ပါဝင်ပါတယ်။
နောက်ထပ်တစ်ခု ဝယ်ရမှာက Home Integration System ဖြစ်ပါတယ်။
အင်ဗာတာ၊ ထရန်စဖာ ခလုတ်၊ အရေးပေါ်လိုအပ်ရင် ပါဝါပေးဖို့ ဘက်ထရီးအသေးစားတို့ ပါဝင်ပါတယ်။
Home Integration System ကို Ford နှင့် စီးပွားဖက်ပြုထားတဲ့ Sunrun က အမေရိကန်ဒေါ်လာ ၃,၈၉၅ ဖြင့် ရောင်းချပါတယ်။
အားလုံးတပ်ဆင်ပြီးသွားရင် ဝပ်အား ၉,၆၀၀ အထိ ပါဝါ ရရှိပါတယ်။ မီးမရတဲ့ အိမ်ကို ရက်အတန်ကြာ မီးအား ဆက်တိုက်ပေးထားနိုင်ပါတယ်။