Ford F-150 Lightning အဦးဆုံးအသုတ် စက်ရုံမှ စတင်ပေးပို့


Ford F-150 Lightning  အဦးဆုံးအသုတ် စက်ရုံမှ စတင်ပေးပို့


Ford စီအီးအို Jim Farley က Ford F-150 Lightning ကားများ မှာကြားဝယ်ယူသူများထံ မကြာမီ ရောက်ရှိလာမယ်လို့ လူမှုကွန်ရက်Twitter မှာ တင်ပြခဲ့ပါသည်။ မြင်ရမှ ယုံကြည်စိတ်ချစရာ ကောင်းတာကြောင့် သူက ဗီဒီယိုမှတ်တမ်းတို နှစ်ခုကိုပါ တင်ပြခဲ့ပါတယ်။

F-150 Lightning ပစ်ကပ်ထရပ်များ ထုတ်လုပ်နေတဲ့ Rouge Electric Vehicle Center စက်ရုံဝင်းထဲမှာ ကားသယ်ယာဉ်များပေါ်သို့ Ford F-150 Lightning ပစ်ကပ်ထရပ်များ တင်နေပုံကို ဗီဒီယိုများမှာ တွေ့ကြရပါတယ်။ 

 “နွေဦးရာသီမှာ ပေးပို့ဆောင်မှုများ လုပ်နေပါပြီ။Rouge Electric Vehicle Center တွင်  F-150 Lightning တွေ ကားသယ်ယာဉ်တွေပေါ် တင်နေပါတယ်" လို့ သူက အသိပေးပြောကြားပါတယ်။
 
ကားသယ်ယာဉ် ၃ စီးပေါ်မှာ F150Lightning တွေ တင်ထားပြီးနေပြီ ဖြစ်ပြီး စက်ရုံမှ ထွက်ခွာရန် အသင့်အနေအထား ရောက်ရှိနေတာ ဗီဒီယိုမှာ တွေ့မြင်ရပါတယ်။

(ဗီဒီယို မှတ်တမ်း ၂ ခုကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်)

အမေရိကန်နိုင်ငံ မီချီဂံ ဒီယာဘွန်းမှာ တည်ရှိတဲ့ Rouge Electric Vehicle Center ကားစက်ရုံမှာ F-150 Lightning ပစ်ကပ်ထရပ်များကို ၂၀၂၂ ဧပြီလကုန်ပိုင်းမှ စတင်ထုတ်လုပ်ခဲ့ပါတယ်။

 

Ford က Lightning မော်ဒယ်ကို ၂၀၂၁ မေလမှာ လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လျှပ်စစ်ကားစစ်စစ် ပစ်ကပ်ကို အဝယ်လိုက်လိမ့်မယ်လို့ တွက်ဆထားပါတယ်။F-150 Lightning စီးရေ ၁၅၀,၀၀၀ ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ 
လက်တွေ့မှာ အမှာစာ စီးရေ ၂၀၀,၀၀၀ ကျော် ရရှိထားပါတယ်။  Ford က 2022 F-150 Lightning အတွက် ကြိုတင်အမှာစာ လက်ခံပေးခြင်း ရပ်ထားပါတယ်။ စီးရေ များနေလို့ မနိုင်မနင်း ဖြစ်နေတာကို ဖြေရှင်းဖို့   Rouge Electric Vehicle Center မှာ စီးရေ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ လောလောဆယ်မှာတော့ 2023 F-150 Lightning အတွက် အမ‌ှာစာများ ဘယ်တော့ ပြန်လက်ခံပေးမလဲဆိုတာ မပြောနိုင်သေးပါဘူး။

 

 

Ford  က နောက်ထပ် အီးဗီပစ်ကပ်ထရပ် မော်ဒယ်တစ်ခု ထုတ်လုပ်ဖို့လည်း လုပ်ကိုင်လျက် ရှိပါတယ်။ 

 

 

 

 

 

 

Read 2601 times