အီးဗီကဏ္ဍ ၂၀၂၂ တွင် ဒေါ်လာ ၂ ဘီလီယံကျော် ရှုံးခဲ့ပြီး ၂၀၂၃ တွင်  ဒေါ်လာ ၃ ဘီလီယံ ရှုံးမည်ဟု Ford မျှ


အီးဗီကဏ္ဍ ၂၀၂၂ တွင် ဒေါ်လာ ၂ ဘီလီယံကျော် ရှုံးခဲ့ပြီး ၂၀၂၃ တွင်  ဒေါ်လာ ၃ ဘီလီယံ ရှုံးမည်ဟု Ford မျှော်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Ford Motor Co သည် အီးဗီ အရှုံး ပိုများမည် ဖြစ်သော်လည်း  အင်ဂျင်ကားများနှင့် လုပ်ငန်းသုံးယာဉ်လုပ်ငန်းများအတွက် အကျိုးအမြတ်များ တိုးမြင့်လာရန် မျှော်လင့်ထားသည်။
.
Ford Motor က ၎င်း၏ လျှပ်စစ်ကားလုပ်ငန်းကဏ္ဍသည် ယခုနှစ် ၂၀၂၃ အတွင်း ကန်ဒေါ်လာ ၃ ဘီလီယံ ဆုံးရှုံးမည်ဟု မျှော်လင့်ထားသည်။
.
Model e အီးဗီလုပ်ငန်းပိုင်းသည် ၂၀၂၃ တွင် အရှုံး ၅၀% ပိုများမည်ဟု ခန့်မှန်းထားသည်။ ၂၀၂၂ တွင် ကန်ဒေါ်လာ ၂.၁ ဘီလီယံ ရှုံးခဲ့သည်။
ထုတ်လုပ်မှု တိုးမြှင်ရန် နှင့် နောက်မျိုးဆက်အီးဗီများ ထုတ်လုပ်ရန် ဆက်လက် ရင်းနှီးမြှုပ်နှံရမည် ဖြစ်သည်။
.
 Ford Blue အင်ဂျင်ကား လုပ်ငန်းပိုင်းသည် ၂၀၂၃ တွင် ဝင်ငွေ ကန်ဒေါ်လာ ၇ ဘီလီယံ ရရှိမည်ဟု မျှော်မှန်းသည်။
 Ford Pro လုပ်ငန်းသုံးယာဉ် လုပ်ငန်းပိုင်းသည် ၂၀၂၃ တွင် ဝင်ငွေ ကန်ဒေါ်လာ ၆ ဘီလီယံ ရရှိမည်ဟု မျှော်မှန်းသည်။
 .
၂၀၂၂ တွင် Ford Blue သည် ဝင်ငွေ ကန်ဒေါ်လာ ၆.၈ ဘီလီယံ ရခဲ့ပြီး  Ford Pro သည် ဝင်ငွေ ကန်ဒေါ်လာ ၃.၂ ဘီလီယံ ရရှိခဲ့သည်။
Source autonews 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 307 times