ဆန်းသစ်သောဒီဇိုင်းဖြင့် 2017 Ford Everest


Everest ၏ကိုယ်ထည်ကိုလေခွင်းအားကောင်းမွန်စေသည့် Aerodynamic ဖောင်းကြွလိုင်းပုံများနှင့် ပုံဖော်ထားပါသည်။

ရှေ့မီးခွက်ဒီဇိုင်းမှာဂရိတ်အလိုက်ကွာခြားသွားမည်ဖြစ်ပါသည်။

Ambiente နှင့် Trend ဂရိတ်များတွင် Projector Halogen Headlamp မီးများကအသုံးပြုထားပြီး Titanium ဂရိတ်များတွင် Automatic On/Off ပြုလုပ်လိုသည့် HID Headlamps နှင့် LED Daytime Running မီးများပါဝင်လာမည်ဖြစ်သောကြောင့်ကားကိုပိုပြီး Sport ဆန်သည့်အသွင်ကိုဆောင်နေစေပါသည်။

အလွိုင်းဘီးများကိုလည်း ၁၇ လက်မ Steel Wheel, ၁၈ လက်မ Alloy နှင့်လက်မနှစ်ဆယ်အလွိုင်းများကိုရွေး ချယ်ရရှိနိုင်ပါသည်။

Off-road ကားတစ်စီးပီပီမြေပြင်နှင့်ခပ်မြင့်မြင့်အနေအထားတွင်ရှိပြီး ရေအနက် ၃၁ လက်မအထိမောင်းနှင်နိုင် ကြောင်းသိရသည်။

Everest သည် SUV ကားတစ်စီးဆိုသော်လည်းအတွင်းခန်းကိုခေတ်မီအဆင့်မြင့်နည်းပညာများနှင့် luxury ဖြစ်မှုကိုအထောက်အပံ့ပေးထားပါသည်။

အတွင်းခန်းတွင်ထိုင်ခုံသုံးတန်းအထိထည့်သွင်းနိုင်ပြီးလူခုနှစ်ဦးအထိလိုက်ပါစီးနင်းနိုင်ပါသည်။

Ambiente ဂရိတ်တွင်အတွင်းခန်းလေအေးပေးစနစ်ကို Single Zone Aircon အနေဖြင့်ရရှိနိုင်ပြီး Trend နှင့် Tatanium ဂရိတ်များတွင် Dual Zone EATC Aircon စနစ်အနေဖြင့်ရရှိမည်ဖြစ်ပါသည်။

ထို့ပြင် Tatanium ဂရိတ်တွင် Adaptive Cruise Control 2 စနစ်ပါပါဝင်လာမည်ဖြစ်ပါသည်။

ဖျော်ဖြေရေးအပိုင်းတွင်လည်းTitanium ဂရိတ်မှာရှစ်လက်မ Touch Screen နှင့်အတူအဆင့်မြင့်အသံစနစ် အတွက် Speaker, Woofer နှင့် Amplifier များကိုပါတပ်ဆင်ပေးထားပါသည်။

Everest ကို Ambiente ဂရိတ်တွင်2.2L l4 ဒီဇယ်အင်ဂျင် Manual Transmission အနေဖြင့်ရရှိနိုင်ပြီး Trend နှင့် Titanium ဂရိတ်များတွင် 3.2L l5 ဒီဇယ်အင်ဂျင်ကို 6 speed Auto ဂီယာနှင့်တွဲဖက်ပေးထားပါသည်။

လုံခြုံရေးစနစ်ပိုင်းတွင်လည်းခေတ်မီနည်းပညာပေါင်းများစွာထည့်သွင်းအသုံးပြုထားကြောင်းတွေ့ရပါသည်။

အကွေ့အကောက်လမ်းများကိုအာရုံခံနိုင်ပြီးယာဉ်ကွေ့ရန်နီးကပ်လာပါကအင်ဂျင်၏ရုန်းအားကိုလျှော့ချပေးသည့် Curve Control,GPS နှင့်ချိတ်ဆက်ပြီးအနီးတစ်ဝိုက်ကကားရပ်နားရန်နေရာရှာပေးသည့်အပြင်ကားပါကင်ပါ ထိုးပေးနိုင်သည့် Active Parking Assist၊ ယာဉ်မောင်းသူမျက်စိနှင့်မမြင်နိုင်သည့်အရာများကိုထောက်လှမ်းပေး မည့် Blind Spot Information System ၊လမ်းအခြေအနေကိုအစဉ်မပြတ်အာရုံခံပေးပြီးယာဉ်ကိုတည်ငြိမ်မှုရှိ စေရန်ပြုလုပ်ပေးသည့် Electronic Stability Control ၊တောင်တက်လမ်းများတွင်ယာဉ်နောက်ပြန်မလိမ့်စေရန် ကူညီနိုင်သည့် Hill Launch Assit အစရှိသည့်နည်းပညာများစွာနှင့်စီးနင်းသူများကိုအန္တရာယ်မဖြစ်စေရန် Support လုပ်ပေးထားပါသည်။

ယင်းကားဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၄၉၀၀၀ မှစတင်မည်ဖြစ်ပြီး သုံးနှစ်သို့မဟုတ် ကီလိုတစ်သိန်း အာမခံနှင့်ရောင်းချလျက်ရှိပါသည်။

 

Read 3281 times