Fordအင်ဂျင်နဲ့ စူပါကားတစ်စီးတည်ဆောက်ဖို့ ကြိုးစားနေတဲ့ Noble Automotive


Noble Automotiveကုမ္ပဏီသည် Ford အင်ဂျင်ကိုအသုံးပြုထားသည့်စွမ်းဆောင်ရည်မြင့်စူပါကားတစ်စီးကို လက်တွေ့ထုတ်လုပ်နိုင်ရန်ကြိုးစားနေကြောင်းသိရသည်။

လီနိုဘယ်လ်ဦးဆောင်သည့်ဗြိတိန်ပြိုင်ကားကုမ္ပဏီသည်နာမည်အကြီးဆုံးအမှတ်တံဆိပ်တစ်ခုတော့မဟုတ်သော်လည်းရည်မှန်းချက်ကြီးပါသည်။

လက်ရှိအချိန်တွင်Exileလို့နာမည်ပေးထားသည့်အပေါ့စားစူပါကားများထုတ်လုပ်ဖို့ ကုမ္ပဏီကအားထုတ် နေပါသည်။

Noble Automotive၏အဆိုအရယင်းကားများွကို စုစုပေါင်း ၂၇ စီးသာကန့်သတ်ထုတ်လုပ်သွားမည်ဟု့ သိရပါသည်။

ထို့အချက်မှာ၂၀၁၀ တွင်စတင်ရောင်းချသည့် M600များနောက်ပိုင်းတွင် Noble Automotiveကပထမဆုံး ရောင်းတမ်းဝင်ထုတ်လုပ်မည့်စူပါကားစီမံကိန်းသစ်ဟု့လည်းဆိုနိုင်ပါသည်။

Noble Automotiveဟာ Noble M12နဲ့ Ultima GTRလို မော်ဒယ်လ်များဖန်တီးတည်ဆောက်ရာတွင်လည်း လက်စွမ်းပြခဲ့ဖူးပါသည်။

Exileအတွက်အင်ဂျင်ကိုFord Raptor များ၏အင်ဂျင်နည်းပညာကိုဝယ်ယူအသုံးပြုသွားမည်ဟု လည်းသိရ ပါသည်။

ယင်းကားသည် M600ရဲ့ အင်ဂျင်အားကိုမီမှာမဟုတ်သော်လည်း Exile၏အင်ဂျင်အားမှာမြင်းကောင်ရေ ၅၁၅ ကောင်ဖြစ်မယ်ဟုသိရသည်။

အင်ဂျင်နည်းပညာပိုင်းမှာ ဖြစ်နိုင်ခြေအရှိဆုံးမှာFordရဲ့ F-150 Raptorများသုံးထားသည့် 3.6-litre GM V6ဖြစ်ပြီး ထိုအလတ်စား အင်ဂျင်ကိုအလူမီနီယမ်အထိုင်နှင့်တည်ဆောက်ပြီး ကာဘွန်ဖိုင်ဘာနှင့် ပံ့ပိုးနေရာချထားဖို့ များပါသည်။

M600မှာ မြင်းကောင်ရေ ၅၅၈ ကောင်အား 4.4-litre V8 အင်ဂျင်ကိုတပ်ဆင်ထားပြီး ရပ်နားထားရာမှတစ်နာရီ မိုင် ၆၀ နှုန်းကို ၃ စက္ကန့်အတွင်းအရှိန်မြှင့်နိုင်သကဲ့သို့အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၂၂၅ မိုင်ထိ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

ဒီကားဟာအင်ဂျင်အားအနေနဲ့ M600ကို မမီတဲ့တိုင်ကိုယ်ထည်တည်ဆောက်မှုပေါ့ပါးကျစ်လစ်အောင် ချဉ်းကပ်ထားမှုအရ စွမ်းဆောင်ရည်ပိုင်းမှာ M600နဲ့ မတိမ်းမယိမ်းထိရှိလိမ့်မယ်လို့လည်းမျှော်လင့်ရပါသည်။

Read 1123 times