Ford ရဲ့ Electric Pickup Truck ဘတ်ထရီပြဿနာကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်း


 

ဖေဖော်ဝါရီ ၁၄ရက်နေ့ (အင်္ဂါနေ့) က Ford Motor ကုမ္ပဏီဟာ သူတို့ရဲ့ Electric Pickup Truck တစ်ခုဖြစ်တဲ့ F-150 Lightning က မတင်ပို့သေးခင် စစ်ဆေးကြည့်တဲ့ အချိန်မှာ ဘတ်ထရီပြဿနာ ရှိနေတာကြောင့် ထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေကို ရပ်ဆိုင်းထားရတယ်လို့ ပြောပါတယ်။ 

 

Ford ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ Emma Bergg ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာ မသိရှိရသေးဘူးလို့ သူ့ရဲ့ Email ထဲမှာ ဖော်ပြထားပါတယ်။ 

 

ဒီပြဿနာကို Motor Authority က ပထမဦးဆုံး တင်ပြခဲ့တာဖြစ်ပြီး CNBC ကလည်း တင်ပြထားတဲ့အတွက် Ford မော်တော်ယာဥ်ထုတ်လုပ်သူတွေရဲ့ ရှယ်ယာက အင်္ဂါနေ့နေ့လည်ပိုင်းမှာ ၁% ကျဆင်းသွားတယ်လို့လည်း သိရပါတယ်။ 

 

Ford ရဲ့ Electric ကားတွေကို ဘတ်ထရီ ထောက်ပံ့ပေးနေတဲ့ တောင်ကိုရီးယားကုမ္ပဏီ SK Innovation က လတ်တလောမှာ ဒီကိစ္စအကြောင်း စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

 

Advertisement

Click Here >>> YTSB Company Limited ( Yangon Technology of Smart & Best )

 

 

SK ဟာ တောင်ကိုရီးယား၊ တရုတ်၊ ဟန်ဂေရီနဲ့ US မှာ ဘတ်ထရီတွေ ပြုလုပ်ပေးနေပြီး Ford၊ Volkswagen AG နဲ့ Hyundai Motor တို့အတွက် ဘတ်ထရီတွေ ထုတ်လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ SK Innovation ကုမ္ပဏီရဲ့ လက်အောက်ခံဖြစ်တဲ့ SK ON ရဲ့ ရှယ်ယာတွေက ဗုဒ္ဓဟူးနေ့မှာ ၃.၉% အထိ ကျဆင်းသွားခဲ့ပြီး မနက်ပိုင်း ရှယ်ယာ အရောင်းအဝယ် သုံးပတ်နီးပါး ကျဆင်းခဲ့ပါတယ်။ 

 

ဒီလ အစပိုင်းမှာလည်း  Ford ဟာ သူ့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ သုံးလစာ စာရင်းကို တင်ပြခဲ့ပြီး ဒါဟာ Semiconductor Chip ထောက်ပံ့မှု ပြတ်လပ်သွားတဲ့ အကြောင်းအရင်းကြောင့် ဖြစ်တယ်လို့ ထောက်ပြခဲ့ပါသေးတယ်။ 

 

Ford ဟာ အရင်နှစ်က လျှပ်စစ်မော်တော်ယာဥ်တွေ လိုအပ်ချက် မြင့်မားလာတဲ့အတွက်ကြောင့် MIchigan မှာရှိတဲ့ စက်ရုံမှာ Electric Pickup Truck တွေ ပိုထုတ်လုပ်နိုင်ဖို့ အလုပ်သမားတွေ တိုးမြှင့် ခန့်ထားခဲ့ပါသေးတယ်။ 

 

Source - Automotive News

Read 228 times