Ford Ecosport 2016


ယင်းကားအမျိုးအစားသည် အမေရိကန်နိုင်ငံအခြေစိုက်ကားကုမ္ပဏီ Ford မှထုတ်လုပ်သည့် ၂၀၁၆ မိုဒယ် Hatchback ကားအမျိုးအစားဖြစ်ပါသည်။

ကား၏ကိုယ်ထည်မှာလုံးလုံးကျစ်ကျစ်နှင့်ရုပ်လုံးကြွတည်ဆောက်ထားမှုကြောင့်ဆွဲဆောင်မှုအပြည့်ပေးနိုင်သောကားတစ်စီးဖြစ်ပါသည်။

Ecosport တွင် Trend နှင့် Titanium ဟူသော Trim မိုဒယ်နှစ်မျိုးခွဲခြားထားသောကြောင့် မိမိနှစ်သက်သော Optional များကိုရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Trend မိုဒယ်တွင် Dual Halogen Headlamp မီးတစ်စုံ၊ ဒီဇိုင်းဆန်းသစ်သော နှင်းခွဲမီးတစ်စုံပါရှိပြီးအဆင့်မြင့်မြင့်အသုံးပြုချင်ပါက Automatic Halogen Headlamp မီးကို Titanium မိုဒယ်အဖြစ်ရွေးချယ်ရရှိနိုင်မည်ဖြစ်ပါသည်။

ရှေ့ Wiper ကို Titanium မိုဒယ်တွင် Rain Sensitive အနေဖြင့်ရနိုင်ပြီး Trend မိုဒယ်တွင် Wiper ကို Variable Intermittent ဖြစ်သွားမည်ဖြစ်သည်။

အမျိုးအစားနှစ်ခုလုံးတွင် အပိုပစ္စည်းများတင်ဆောင်ရန်အတွက် ခေါင်မိုးတွင် ခရိုမီယမ် Roof Rail တန်းပါရှိပြီး ကားဘီးတွင် ၁၆ လက်မအလွိုင်းခွေတပ်ဆင်ထားပါသည်။

ယင်းကားအမျိုးအစားသည် အတွင်းခန်းကျယ်ဝန်းပြီး သပ်ရပ်မှုရှိသည့်အပြင် အဆင့်မြင့်နည်းပညာများနှင့် ပေါင်းစပ်ဖွဲ့စည်းပေးထားပါသည်။

Trend မိုဒယ်တွင် ပုံစံလေးမျိုးပြောင်းလဲအသုံးပြုနိုင်ပြီး Audio Control ပါဝင်သောစတီယာရင်၊ Multi-function Display မော်နီတာအစရှိသည်တို့ပါဝင်ပါသည်။

Titanium အနေဖြင့်ထပ်တိုးရရှိနိုင်သည်မှာ Power Slide Sunroof၊ သားရေထိုင်ခုံ၊ Leather စတီယာရင်၊ Keyless Entry၊ Electronic Automatic Temperature Control(EATC)၊ အလင်းပြန်မှုကိုလျော့နည်းစေသည့် နောက်ကြည့်မှန်စသည်တို့ကိုထည့်သွင်းတပ်ဆင်နိုင်ပါသည်။

Fuel Computer စနစ်ပါဝင်သောကြောင့် ယာဉ်မောင်းနှင်နေစဉ်အတွင်း လောင်စာဆီချွေတာနိုင်မှုကို ခန့်မှန်းတွက်ချက်ပေးနိုင်ပါသည်။

ဖျော်ဖြေရေးအတွက် ရေဒီယို၊ CD၊ MP3၊ USB၊ iPod အစရှိသည်တို့အသုံးပြုနိုင်သည့် CD Player နှင့်အသံစနစ်အတွက်စပီကာခြောက်လုံးတပ်ဆင်ပေးထားပါသည်။

ယင်းကားတွင် ဆလင်ဒါလေးလုံးတပ် 1.5L Duratec TiVCT အင်ဂျင်ကိုတပ်ဆင်အသုံးပြုထားပြီး မြင်းကောင်ရေ ၁၀၁ ကောင်အားကိုထုတ်လုပ်ပေးပါသည်။

Transmission ကို Powershift 6-speed Automatic ဂီယာကိုအသုံးပြုထားပါသည်။

လုံခြုံရေးပိုင်းတွင် ရှေ့ခန်း Driver နှင့် Passenger အတွက် Dual Airbags, Anti-lock Brake System, Electronic Stability Control, Hill Launch Assist အစရှိသည်တို့တပ်ဆင်ထားပြီး Rear Parking Sensor ကိုလည်းထည့်သွင်းတပ်ဆင်ထားပါသည်။

Ford Ecosport ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၉,၉၀၀ ဝန်းကျင်မှစတင်သော်လည်း မိမိရွေးချယ်အသုံးပြုလိုသော Optional ပစ္စည်းများအပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားသွားမည်ဖြစ်သည်။

ဝန်ဆောင်မှုအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံပေးထားပါသည်။

Source:automobile journal

Read 2363 times