ဖို့ဒ် ဒေါ်လာ ၁.၃ ဘီလီယံ ဆုံးရှုံးပြီးနောက် အီးဗီ ရင်းနှီးမြှုပ်နှံမှုလျှော့ချ


ဖို့ဒ် ဒေါ်လာ ၁.၃ ဘီလီယံ ဆုံးရှုံးပြီးနောက် အီးဗီ ရင်းနှီးမြှုပ်နှံမှုလျှော့ချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဖို့ဒ်သည် ၂၀၂၃ ခုနှစ် တတိယ ၃ လပတ်တွင် ကန်ဒေါ်လာ ၁.၃ ဘီလီယံ အရှုံးပြခဲ့သည်။ 
ဖို့ဒ်မှ Model e EV ဌာနသည် Mustang Mach-E ထုတ်လုပ်မှုကို လျှော့ချမည်။ ဘက်ထရီစက်ရုံ အသစ် ဆောက်လုပ်မည့် စီမံကိန်းကိုလည်း ဆိုင်းငံ့ထားမည် ဖြစ်သည်။
 

Ford Motor Company တတိယသုံးလပတ် ဝင်ငွေသည် အဓိကအားဖြင့် အီးဗီ ဝယ်လိုအား နှေးကွေးခြင်းနှင့် Tesla မှအစပြုသော ဈေးချပြီး ရောင်းချသည့် အီးဗီဈေးနှုန်းစစ်ပွဲကြောင့် အီးဗီလုပ်ငန်းကဏ္ဍတွင် အရှုံးပေါ်သည့် ပမာဏ မြင့်တက်လာခဲ့သည်။

Ford သည် တတိယသုံးလပတ်တွင် လျှပ်စစ်ကား အစီးရေ ၂၀,၉၆၂ စီး ရောင်းချနိုင်ခဲ့သည်။ ဖို့ဒ်အီးဗီများတွင် Mustang Mach-E သည် ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပြီး ၁၄,၈၂၄ စီး ရှိခဲ့သည်။
Ford Model e EV ဌာနခွဲသည် ဝင်ငေွ ကန်ဒေါ်လာ ၁.၈ ဘီလီယံ ရရှိခဲ့သည်။
သို့သော် အရှုံး ကန်ဒေါ်လာ ၁.၃ ဘီလီယံ အရှုံးပေါ်ခဲ့သည်။ ပျမ်းမျှချကြည့်လျှင် ရောင်းချခဲ့သည့် အီးဗီတစီးလျှင် $36,000 ရှုံးသည်။
ဒုတိယသုံးလပတ်တွင် ကန်ဒေါ်လာ ၁ ဘီလီယံ အရှုံးပေါ်ခဲ့ပြီး တတိယသုံးလပတ်တွင် ကန်ဒေါ်လာ ၁.၃ ဘီလီယံဖြစ်လာသည်။
ဒုတိယသုံးလပတ်တွင် ရောင်းချခဲ့သည့် အီးဗီတစီးလျှင် $32,350 ရှုံးခဲ့သည်။
၂၀၂၃ ခုနှစ် တနှစ်တာတွင် Model e EV ဌာနခွဲသည် ကန်ဒေါ်လာ ၄.၅ ဘီလီယံအထိ အရှုံးပေါ်နိုင်သည်ဟု ဖို့ဒ်က ခန့်မှန်းထားသည်။
တတိယသုံးလပတ်တွင် အရှုံးပြခြင်းအတွက် အဓိက အကြောင်းအချက် နှစ်ချက်ရှိသည်ဟု ဖို့ဒ်က ပြောကြားသည်။
ပထမတချက်မှာ နောက်မျိုးဆက် အီးဗီမော်ဒယ်များ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်။ 
ဒုတိယတချက်မှာ ‌မြောက်အမေရိက ကားဈေးကွက်တွင် ကားအသစ်ဝယ်စ‌ီးသူ အများအပြားတို့သည် ဓာတ်ဆီကားနှင့် ဟိုက်ဘရစ်ကားတို့ထက် ဈေးပိုပေးရသော အီးဗီများကို ဝယ်ဖို့ ဝန်လေးနေကြခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အီးဗီများကို ဈေးချပေးပြီး ဆွဲဆောင်ရသည်။ ထိုအခါ ရရှိမည့်အမြတ် လျော့နည်းသွားသည်။

ပထမအချက်ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် အရှုံးပေါ်ရခြင်းကို ချိန်ညှိပေးရန်အတွက် ကုမ္ပဏီသည် အီးဗီကဏ္ဍတွင် ကန်ဒေါ်လာ ၁၂ ဘီလီယံ ရင်းနှီးမြှုပ်ပြှီး လုပ်ကိုင်မည့် အစီအစဉ်များတွင် အချို့ကို ဆိုင်းငံ့ထားလိုက်သည်။ အချို့ကို အသုံးစရိတ် လျာထားချက်များ လျှော့ချလိုက်သည်။
အီးဗီဘက်ထရီလုပ်ငန်း SK On နှင့်အတူလက်တွဲပြီး  အ‌ကောင်အထည်ဖော်မည့် အီးဗီဘက်ထရီ စက်ရုံအသစ် ၂ ရုံတွင် ၁ ရုံကို ဆိုင်းငံ့ထားလိုက်သည်။ မည်မျှကြာကြာ ဆိုင်းငံ့ထားမည် ဆိုသည်ကို မသိနိုင်သေးချေ။

ဒုတိယအချက်ဖြစ်သည့် အီးဗီရောင်းအား နှေးနေသည်ကို ချိန်ညှိရန်အတွက် Mustang Mach-E ထုတ်လုပ်မှု အချို့ကို လျှော့ချထားလိုက်သည်။
 
ဖို့ဒ်သည် အီးဗီကဏ္ဍကို ကျုံ့ထားလိုက်ခြင်းသာ ဖြစ်ပြီး အီးဗီမော်ဒယ်အသစ်များ ထုတ်လုပ်မည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ပါသည်။
ဖို့ဒ်၏ ဒုတိယမျိုးဆက် အီးဗီမော်ဒယ်များဖြစ်သည့်  ထိုင်ခုံတန်း ၃ တန်းပါ SUV မော်ဒယ်နှင့် အရွယ်အစားအပြည့် ပစ်ကပ်ထရပ် မော်ဒယ် အီးဗီများ ထုတ်လုပ်မည့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သည်။ 

အလုပ်သမားသမဂ္ဂ United Auto Workers UAW က မကြာသေးခင်က ၄၁ ရက်ကြာ သပိတ်မှောက်ခဲ့ခြင်းကြောင့် ကား အစီးရေ ၈ သောင်း ထုတ်လုပ်နိုင်ခဲ့ချေ။ ထို့အတွက် တတိယသုံးလပတ် ဝင်ငွေတွင် ကန်ဒေါ်လာ ၁.၂ ဘီလီယံ လျော့နည်းစေခဲ့သည်။

လုပ်သား ၅၇,၀၀၀ တို့ကို ၅ နှစ်တာအတွင်း လုပ်ခလစာ ၂၅% တိုးပေးရန် UAW ၏ တောင်းဆိုချက်ကို ဖို့ဒ် သဘောတူထားသည်။  သို့ဖြစ်ရာ လုပ်သားစရိတ် မြင့်တက်မည် ဖြစ်သည်။

ကားတစ်စီးလျှင် လုပ်အားခ $850 မှ $900 အထိ ပိုမိုကုန်ကျလိမ့်မည်ဟု ဘဏ္ဍာရေးမှူးချုပ် John Lawler က ပြောကြားပါသည်။

Sources: Ford Motor Company, Reuters, Automotive News
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 2441 times