လျှပ်စစ်ပစ်ကပ် ထုတ်လုပ်မှု ဖို့ဒ် ယာယီလျှော့ချမည်


လျှပ်စစ်ပစ်ကပ် ထုတ်လုပ်မှု ဖို့ဒ် ယာယီလျှော့ချမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ယာဉ်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက် ပြဿနာများအပါအဝင် အခက်အခဲများ ရှိနေသဖြင့် လျှပ်စစ်ပစ်ကပ်ထရပ်ကား F-150 Lightning မော်ဒယ် ထုတ်လုပ်လျက်ရှိသည့် အမေရိကန်မှ  မစ်ရှီဂန်စက်ရုံတွင် အဆိုင်းသုံးဆိုင်းအနက်မှ တစ်ဆိုင်းကို ယာယီရပ်နားထားမည်ဟု Ford Motor မှ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်ရေးတွင် ဒုတိယ အကြီးဆုံးဖြစ်သည့် Ford Motor က တဆိုင်း ယာယီရပ်နားထားခြင်းသည်  မော်တော်ယာဉ် လုပ်သားများ သမဂ္ဂ United Auto Workers UAW မှ ဆန္ဒပြသပိတ်မှောက်နေခြင်းနှင့် မသက်ဆိုင်ကြောင်း ပြောကြားသည်။
တဆိုင်း ယာယီရပ်နားထားခြင်းသည် လုပ်သားဦးရေ ၇၀၀ ခန့်အပေါ် သက်ရောက်မှု ရှိမည်ဖြစ်သည်။
မည်မျှကြာကြာ ရပ်နားထားမည်ကို ထုတ်ဖော်ပြောကြားခြင်း မပြု‌ပါ။

UAW မှ တာဝန်ရှိသူတို့က ပြောကြားရာတွင် လျှပ်စစ်ပစ်ကပ် ထရပ်ကားများ အဝယ်နှေးနေသဖြင့် ချိန်ညှိပေးသည့်အနေဖြင့် ထုတ်လုပ်မှုနှုန်း လျှော့ချရန် တဆိုင်း ရပ်နားခြင်းဖြစ်ကြောင်း၊ ဓာတ်ဆီအင်ဂျင် ပစ်ကပ်ထရပ်များ ပိုမိုထုတ်လုပ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

 စက်တင်ဘာလကုန်တွင် ပြီးဆုံးသည့် ၃ လပတ်အတွင်း အမေရိကန်တွင် F-150 EV ရောင်းအား ၄၆% ကျဆင်းခဲ့ကြောင်း ဖို့ဒ်က ထုတ်ပြန်ကြေညာခဲ့သည်။  ၃,၅၀၃ စီး ရောင်းချခဲ့ပြီး Ford F-series ပစ်ကပ်ထရပ်များ အားလုံး စုစုပေါင်းရောင်းအား၏ ၂% ခန့်သာ ရှိသည်။

Source Autoblog
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 948 times