Ford Car များပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်မည်


အမေရိကန်အခြေစိုက် Ford Car ကုမ္ပဏီသည် RMA Thailand,Capital Automotive Limited(CAL) နှင့် Capital Motors Limited (CML) တို့နှင့်ပူးပေါင်းပြီးပြည်တွင်းတွင်ကားတပ်ဆင်စက်ရုံအသစ်ကို တည်ဆောက်ဖွင့်လှစ်ပါသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး Capital Automotive ၏ဥက္ကဌမှ CML ကားတပ်ဆင်စက်ရုံဖွင့်လှစ်နိုင်ခြင်းမှာ ပြည်တွင်းစီးပွားရေးကဏ္ဍတွင်တိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်းကိုထောက်ပံပေးနိုင်မည့်အပြင် ဝန်ထမ်းများကိုလည်းလုပ်ငန်းကျွမ်းကျင်မှုအပိုင်းတွင် ကမ္ဘာ့အဆင့်မီအကောင်းဆုံးလက်တွေ့လုပ်ငန်းများနှင့် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်းပြောကြားထားသည်။

စက်ရုံသစ်ဖွင့်ပွဲနှင့်သက်ဆိုင်သည့်စာနယ်ဆင်းရှင်းလင်းပွဲအခမ်းအနားကိုဇူလိုင်လ ၂၁ ရက်က Ford မြန်မာကားအရောင်းပြခန်းတွင်ကျင်းပပါသည်။

ယင်းစက်ရုံသစ်တွင် Ford Ranger Double Cab နှင့် Ford Everest SUV ကားအမျိုးအစားတွင်တပ်ဆင် ထုတ်လုပ်မည်ဖြစ်ပါသည်။

Ford Ranger Double Cab ကိုအမေရိကန်ဒေါ်လာ ၃၄၀၀၀ မှစတင်ပြီး Ford Everest SUV ကိုအမေရိကန်ဒေါ်လာ ၄၉၀၀၀ မှစတင်ပါသည်။

ဝယ်ယူသူများအနေဖြင့်ရန်ကုန်လိုင်စင်ရရှိနိုင်မည်ဖြစ်ပါသည်။

ဒီဇယ်အင်ဂျင်ကားအမျိုးအစားများဖြစ်ပြီးဆီစားနှုန်းသက်သာပါသည်။

စက်ရုံသစ်ဖွင့်လှစ်သည့်အထိမ်းအမှတ်အနေဖြင့်စတင်ဝယ်ယူသူများကိုတစ်နှစ်စာအခမဲ့ဆားဗစ်ဝန်ဆောင်မှုများပေးအပ်သွားမည်ဖြစ်သည်။

ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်သည့် Ford Ranger Double Cab နှင့် Ford Everest SUV ကားအမျိုးအစားများကိုရန်ကုန်နှင့်မန္တလေးကားအရောင်းပြခန်းများတွင်စတင်ဝယ်ယူနိုင်ပြီဖြစ်ပါသည်။

Read 1429 times