Ford C-Max Hybrid 2017


Ford C-Max ကို ၂၀၀၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး မျိုးဆက်နှစ်ခုနှင့် ထုတ်လုပ်ထားပါသည်။

Hybrid အမျိုးအစားကိုတော့ ၂၀၁၁ ခုနှစ် ဒုတိယမျိုးဆက်တွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

ပထမမျိုးဆက်မှာတည်းက အင်ဂျင်ပါ၀ါအမျိုးမျိုးနှင့် ဂီယာဘောက်အမျိုးမျိုးကို ခွဲခြားထုတ်လုပ်ခဲ့တာ တွေ့ရပါသည်။

ပထမမျိုးဆက်ထုတ်လုပ်ချိန်တွင် CVT ဂီယာကို ထည့်သွင်းထုတ်လုပ်ခဲ့ခြင်း တွေ့ရပြီး ပေါ့ပါးပြီးဆီစား သက်သာသည့် ကားတစ်စီးအဖြစ်ထုတ်လုပ်ရန် ရည်ရွယ်ခဲ့သည်ဟု ခန့်မှန်းထားပါသည်။

2017 မော်ဒယ် Ford C-Max Hybrid ကို Hybrid SE, Hybrid Titanium, Engine SE, Energi Titanium ဟူ၍ ဂရိတ်လေးမျိုးဖြင့် ထုတ်လုပ်ပါသည်။

ကိုယ်ထည်အမျိုးအစားမှာ Hatchback ကိုယ်ထည်ဖြစ်ပြီး အတွင်းခန်းကျယ်ဝန်းသည့် ဒီဇိုင်းဖြင့် ထုတ်လုပ်ထားပါသည်။

အတွင်းခန်းထိုင်ခုံနှစ်တန်းနှင့် ရှေ့ထိုင်ခုံပါ၀ါဖြစ်ပါသည်။

နောက်ထိုင်ခုံများကတော့ ခေါက်သိမ်းထားနို်င်သကဲ့သို့ အထုတ်အပိုးတင်ပြီး ခရီးသွားမည့် သူများအတွက်လည်း အဆင်ပြေမည့် အတွင်းခန်း ဖြစ်ပါသည်။

ရှေ့ထိုင်ခုံနှစ်လုံးက ပါ၀ါထိုင်ခုံဖြစ်သည့်အပြင် Sport Seat များတပ်ဆင်ပေးထားသောကြောင့် လူငယ်ကြိုက်ကားတစ်စီးဖြစ်ပါသည်။

နောက်ဖုံး(နောက်တံခါး) ကပါ၀ါတံခါးဖြစ်ပြီး Auto Open Sensor စနစ်ပါ၀င်တာ တွေ့ရပါသည်။

နည်းပညာပိုင်းတွင်လည်း Parking Assist စနစ်၊ Dual Climate Aircon, Hill Assist စသည့် ခေတ်မှီကား နည်းပညာများပြည့်စုံတာတွေ့ရပါသည်။

Smart Phone များနှင့်ချိတ်ဆက်လုပ်ဆောင်မည့် MyFord Mobile စနစ်ကိုလည်း ထည့်သွင်းထားတာ တွေ့ရပါသည်။

Hybrid ဘက်ထရီအားသွင်းစနစ်ကို အင်ဂျင်အားသွင်းစနစ်အပြင် လျှပ်စစ်ကားများ၏ အားသွင်းစနစ် ပုံစံမျိုးနှင့်ပါ ထုတ်လုပ်ပေးထားခြင်းတွေ့ရပါသည်။

Ford C-Max Hybrid ၏အမိုးမှာ Sunroof အကျယ်ပါ၀င်ပါသည်။

Sunroof ၏အကျယ်မှာ ရှေ့ခန်းထိုင်ခုံအပေါ်မှ နောက်ခန်းထိုင်ခုံအဆုံးထိ ပါ၀င်ရမည်ဖြစ်ပါသည်။

ရောင်းချပေးသည့်စျေးနှုန်းများကတော့ Hybrid SE က ဒေါ်လာ ၂၄၀၀၀ ကျော်,Hybrid Titanium ကဒေါ်လာ ၂၇၀၀၀ ကျော်,Energi Titanium ကဒေါ်လာ ၃၀၀၀၀ ကျော်ဖြစ်ပါသည်။

 

Read 1143 times