Ford က ဂျာမနီမှ ကားစက်ရုံ BYD သို့ ရောင်းချရန် ဆွေးနွေး


Ford က ဂျာမနီမှ ကားစက်ရုံ BYD သို့ ရောင်းချရန် ဆွေးနွေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Ford Motor Co. သည် တရုတ်နိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီ BYD Co. နှင့် ဂျာမနီနိုင်ငံ Saarlouis ရှိ ကားထုတ်လုပ်သည့် စက်ရုံတစ်ရုံကို ရောင်းချရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Wall Street Journal က သတင်းဖော်ပြသည်။

ဂျာမနီရှိ Ford စီမံခန့်ခွဲမှုမှ တာဝန်ရှိသူများသည် Saarlouis ရှိ ကားစက်ရုံတစ်ရုံ ရောင်းချရေးကိစ္စ ဆွေးနွေးရန် လာမည့်သီတင်းပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်နေကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

Saarlouis ကားစက်ရုံကို ၂၀၂၅ တွင် ထုတ်လုပ်မှု ရပ်ဆိုင်းရန် Ford က အစီအစဉ် ချမှတ်ထားပါသည်။ ၎င်းစက်ရုံတွင် ကားအငယ်စား Focus မော်ဒယ်ကို ထုတ်လုပ်ပါသည်။
ဆွေးနွေးပွဲများသည် ပဏာမအဆင့်တွင် ရှိနေဆဲဖြစ်ပြီး နောက်ဆုံးတွင် သဘောတူညီချက် ရရှိလိမ့်မည်ဟု မျှော်လင့်ထားပါသည်။

 BYD အပြင် Ford သည် ကနေဒါနိုင်ငံမှ ကန်ထရိုက်စနစ်ဖြင့် ကားများ တပ်ဆင်ထုတ်လုပ်သူ  MGA အပါအဝင် အခြားလုပ်ငန်းများနှင့်လည်း Ford က ဆွေးနွေးနေပါသည်။
 
ဇွန်လတွင် Ford သည် Saarlouis ကားစက်ရုံတွင်ထုတ်လုပ်မှုကို ၂၀၂၅ တွင် အဆုံးသတ်မည် ဖြစ်ကြောင်းကြေညာခဲ့သည်။  ၎င်းစက်ရုံတွင် လုပ်သားဦးရေ ၄,၆၀၀ ခန့် ရှိပါသည်။
 ဥရောပအတွက် အနာဂတ် အီးဗီများကို စပိန်နိုင်ငံ ဗလင်စီယာရှိ ၎င်း၏စက်ရုံနှင့် ဂျာမနီနိုင်ငံ Cologne ရှိ ၎င်း၏ အဓိကစက်ရုံတွင် တည်ဆောက်သွားမည်ဟု ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။
Source wsj

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 322 times