Ford ဘက်ထရီစက်ရုံများအတွက် အစိုးရချေးငွေ ဒေါ်လာ ၉.၂ သန်း ရရှိ


Ford ဘက်ထရီစက်ရုံများအတွက် အစိုးရချေးငွေ ဒေါ်လာ ၉.၂ သန်း ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Ford ဖက်စပ် ကုမ္ပဏီမှ လျှပ်စစ်ကား ဘက်ထရီ စက်ရုံ ၃ ရုံ တည်ဆောက်ရန်အတွက် သမ္မတ ဂျိုးဘိုင်ဒင်၏ ကျောထောက်နောက်ခံ ပြုပေးရေး အစီအစဉ်အရ အမေရိကန် ပြည်ထောင်စု ချေးငွေ ကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံ အထိ ရရှိမည်ဟု Ford က ပြောကြားသည်။


BlueOval SK သည် တောင်ကိုးရီးယားဘက်ထရီထုတ်လုပ်သူ SK On နှင့် Ford Motor  တို့အကြား ဖက်စပ်လုပ်ငန်းဖြစ်ပြီး အမေရိကန်တောင်ပိုင်း တက်နက်စီနှင့် ကင်တပ်ကီ ပြည်နယ်များတွင် စက်ရုံသစ်များတည်ဆောက်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းများသည် ဆောက်လုပ်ရေး အလုပ်အကိုင်ပေါင်း ၅၀၀၀ ကို ဖန်တီးပေးမည် ဖြစ်သည်။
စက်ရုံများလည်ပတ်ပြီးသည့်အခါ အလုပ်အကိုင်ပေါင် ၇,၅၀၀ ဖန်တီးပေးမည် ဖြစ်သည်။

Ford နှင့် SK Innovation တို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဖက်စပ်လုပ်ငန်းကို ကြေညာခဲ့သည်။  ဘက်ထရီစက်ရုံများအတွက် ကန်ဒေါ်လာ ၁၁.၄ ဘီလီယံသုံးစွဲမည့် အစီအစဉ်များကို ဖော်ပြခဲ့သည်။
Ford သည် အဆိုပါစက်ရုံများကို ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်မည်ဟု ပြောကြားခဲ့ပါသည်။
Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 254 times