Ford နှင့် တရုတ်အီးဗီဘက်ထရီ မဟာလုပ်ငန်းကြီး CATL တို့ ဘက်ထရီစက်ရုံ တည်ဆောက်မည်


Ford နှင့် တရုတ်အီးဗီဘက်ထရီ မဟာလုပ်ငန်းကြီး CATL တို့ ဘက်ထရီစက်ရုံ တည်ဆောက်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Ford Motor Co နှင့် တရုတ်နိုင်ငံအခြေစိုက်  ကမ္ဘာ့အကြီးဆုံးလျှပ်စစ်ကားဘက်ထရီထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည့် CATL (Contemporary Amperex Technology Co Ltd) တို့သည် မီချီဂန်ပြည်နယ်တွင် အီးဗီဘက်ထရီစက်ရုံတစ်ခုတည်ဆောက်ရန် စီစဉ်နေကြောင်း Bloomberg မှ သတင်းဖော်ပြပါသည်။

အမေရိကန် ကားထုတ်လုပ်ရေး မြို့တော် ဒိထရိုက်မှ အနောက်ဘက် ကီလိုမီတာ ၁၆၀ အကွာမှာ အလြပ်အကိုက် ၂,၅၀၀ ခန့် ဖန်တီးပေးမည့် အီးဗီကားဘက်ထရီစက်ရုံကို ကန်ဒေါ်လာ ဘီလျံချီ ရင်းနှီးမြှုပ်နှံပြီး ထူထောင်မည် ဖြစ်သည်။

အဆိုပါ စက်ရုံကို Ford က ရာနှုန်းပြည့် ပိုင်ဆိုင်မည်။ Ford ကုမ္ပဏီမှ လုပ်သားများက ဘက်ထရီများကို ထုတ်လုပ်မည်။ နည်းပညာကို CATL က ပိုင်ဆိုင်သည်။

     Advertisement

Click Here > GK General Trading

Ford သည် ယခုနှစ်မှာ ၎င်း၏ Mustang Mach-E မော်ဒယ်များတွင် CATL မှ စျေးသက်သာသော လစ်သီယမ်သံဖော့စဖိတ်ဘတ်ထရီထုပ်များကို စတင်အသုံးပြုမည်ဖြစ်ကြောင်း ဇူလိုင်လတွင် ကြေညာခဲ့သည်။ F-150 Lightning ပစ်ကပ်တွင် ၂၀၂၄ မှာ စတင်အသုံးပြုမည်ဟု ဆိုသည်။ 

Ford သည် အီးဗီများ ၂၀၂၆ နှစ်ကုန်တွင် တစ်နှစ်လျှင် အစီးရေ ၂ သန်း ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားသည်။ ထိုအရေအတွက် ထုတ်လုပ်နိုင်ရန် ကန်ဒေါ်လာ ၅၀ ဘီလီယံအထိ သုံးစွဲသွားမည် ဖြစ်သည်။


Ford သည် ၂၀၂၂ တွင် အမေရိကန် အီးဗီဈေးကွက်တွင် Tesla သည် အရောင်းရဆုံးဖြစ်ပြီး  Ford သည် ဒုတိယအရောင်းရဆုံး ဖြစ်ခဲ့ပါသည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1255 times