မြန်မာပြည်ရောက် Ford 2017 Ranger Double Cab


ဂရိတ်အလိုက် အပြင်ပိုင်းနှင့် အတွင်းပိုင်းအပြင်အဆင်များကွာခြားသွားမည်ဖြစ်ပါသည်။

အပြင်ပိုင်းအပြင်အဆင်အနေဖြင့် အဓိကကွာခြားချက်မှာ XLT ဂရိတ်တွင် ရှေ့မီးခွက်သည် Halogen နှင့် ကြောင်မျက်လုံးပါဝင်မည်ဖြစ်ပြီး XL ဂရိတ်တွင် Halogen မီးသီးနှစ်လုံးပဲပါဝင်မည်ဖြစ်ပါသည်။

XLT ဂရိတ်တွင် ရှေ့ရှဲလ်ကို ခရိုမီယမ်နှင့် ရရှိမည်ဖြစ်သကဲ့သို့ နှင်းခွဲမီးလည်းပါဝင်လာမည်ဖြစ်ပါသည်။

ထို့ပြင်ကားနောက်ပိုင်းတွင် Back Liner နှင့် Roll Bar တို့ပါဝင်လာမည်ဖြစ်ပြီး နောက်ခြေနင်းတန်း Rear Side Step ကို Step Bar နှင့်ရရှိမည်ဖြစ်ပါသည်။

XL ဂရိတ်တွင် ထို့ကဲ့သို့ feature များပါဝင်မည်မဟုတ်ပါ။

ကားဘီးများသည်လည်း XLT ဂရိတ်တွင် ၁၇ လက်မ အလွိုင်းခွေ တပ်ဆင်ထားပြီး XL ဂရိတ်တွင် ၁၆ လက်မ အလွိုင်းခွေတပ်ဆင်ထားပါသည်။

အတွင်းခန်းအပြင်အဆင်အနေဖြင့် XLT ဂရိတ်၏ ဒက်ရှ်ဘုတ်တွင် Back Camera အတွက် ၄ ဒသမ ၂ လက်မ Display ပါဝင်လာမည်ဖြစ်ပြီး စတီယာရင်မှာ Voice Commend, Audio Control, Cruise Control တို့အသုံးပြုနိုင်မည်ဖြစ်ပါသည်။

XL ဂရိတ်တွင် ရိုးရိုးစတီယာရင်နှင့် ဒက်ရှ်ဘုတ်တွင် Radio သာပါဝင်မည်ဖြစ်ပါသည်။

XLT ဂရိတ်မှာ အဲကွန်းက Digital ဖြစ်ပြီး XL ဂရိတ်မှာ အဲကွန်းက Digital ဖြစ်ပြီး XL ဂရိတ်မှာတော့ Manual ဖြစ်သွားပါသည်။

အင်ဂျင်အနေဖြင့် ဂရိတ်နှစ်မျိုးစလုံးမှာ လေးဘီးယက်စနစ် 2.2 Liter ဒီဇယ်အင်ဂျင်ကိုရရှိနိုင်မည်ဖြစ်ပြီး 3.2 Liter ဒီဇယ်အင်ဂျင်ကိုလည်းရွေးချယ်ရရှိနိုင်ပါသည်။

ဂီယာအနေဖြင့် XLT ဂရိတ်မှာ 6-Speed Auto/Manual ဂီယာအသုံးပြုထားပြီး XL ဂရိတ်တွင် 6-speed Manual ဂီယာကိုပဲအသုံးပြုထားပါသည်။

လုံခြုံရေးစနစ်များအနေဖြင့် XLT ဂရိတ်တွင် Air bag ခြောက်လုံးနှင့် XL ဂရိတ်တွင် airbag နှစ်လုံးပါဝင်မည်ဖြစ်ပြီး XLT ဂရိတ်တွင် Pear Parking Assist and Front parking assist တို့ပါဝင်လာခြင်းကလွဲရင် ကျန်တာအကုန်တူတူဖြစ်ပါသည်။

Ford Ranger Double Cab ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ 34000 ဝန်းကျင်ရှိပြီး ဝန်ဆောင်မှုများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့် ရောင်းချပေးလျက်ရှိပါသည်။

Read 3792 times