Ford က လုပ်ငန်းသုံးယာဉ် အီးဗီများ ထုတ်လုပ်ရန် ကန်ဒေါ်လာ ၁.၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်


Ford က လုပ်ငန်းသုံးယာဉ် အီးဗီများ ထုတ်လုပ်ရန် ကန်ဒေါ်လာ ၁.၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

 Ford  က လုပ်ငန်းသုံးယာဉ် မော်ဒယ်အသစ်များကို လျှပ်စစ်မော်တော်ယာဉ်များအဖြစ် ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ၂၀၂၂ ဇွန်လဆန်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 Ford  က မော်ဒယ်အသစ်များ ထုတ်လုပ်ရန်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃. ၇ ဘီလျံ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး  လုပ်ငန်းသုံး လျှပ်စစ်မော်တော်ယာဉ်မော်ဒယ်အသစ်များကို ထုတ်လုပ်နိုင်ရန် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ 

Ranger  ပစ်ကပ် မော်ဒယ်အသစ်၊ Mustang  တံခါး ၂ပေါက် မော်ဒယ်အသစ်တို့ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။

F-150 Lightning  ပစ်ကပ်ထရပ်ကို လက်ရှိထုတ်လုပ်မှု အပြင် နောက်ထပ် စက်ရုံတစ်ရုံ ထပ်တိုးပြီး ထုတ်လုပ်ဖို့ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

အဆိုပါ စက်ရုံသစ်မှာ တစ်နှစ်လျှင် စီးရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ် 

လုပ်ငန်းသုံးလျှပ်စစ်မော်တော်ယာဉ် မော်ဒယ်များကို အမေရိကန်နိုင်ငံရှိ Ohio Assembly Plant မှာ တပ်ဆင် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်ဝန်းကျင်မှာ စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ 

ထုတ်လုပ်မယ့် လုပ်ငန်းသုံးယာဉ် မော်ဒယ်များနှင့် ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မပြုသေးပါ။

ယခုနှစ် အစောပိုင်းမှာ Ford  က အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် internal combustion engine (ICE) နှင့် လျှပ်စစ်မော်တော်ယာဉ်  electric vehicle (EV) တို့ကို လုပ်ငန်းကဏ္ဍ သီးခြားစီ ခွဲထားပြီး လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U/264

https://t.me/Guid4U

 

Read 534 times