လျှပ်စစ်ကားပျံ  ယူအေအီး ဒူဘိုင်းတွင် သရုပ်ပြပျံသန်း 


လျှပ်စစ်ကားပျံ  ယူအေအီး ဒူဘိုင်းတွင် သရုပ်ပြပျံသန်း 

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 


တရုတ် လျှပ်စစ်ယာဉ်ထုတ်လုပ်သူ Xpeng Inc မှတည်ဆောက်ထားသော "ကားပျံ" flying car" ကို  ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင်  အများသူငါ ပရိသတ်ရှေ့မှောက်မှာ  ပျံသန်းပြသခဲ့ပါတယ်။ 

ပျံသန်းပြသခွင့်ရဖို့ Xpeng Inc ရဲ့ လုပ်ငန်းခွဲ ကားပျံလုပ်ငန်း AeroHT က ဒူဘိုင်း လေကြောင်းအာဏာပိုင်ထံမှ အထူးခွင့်ပြုမိန့် လျှောက်ထားရယူခဲ့ပါတယ်။ 

အောက်တိုဘာလ ၁၀ ရက်မှာ လူလိုက်ပါခြင်း မရှိဘဲ ပျံသန်းခဲ့ပါတယ်။

ကားပျံ X2 က ၂ ယောက်စီး ဖြစ်ပြီး ထောင်လိုက် တက်ဆင်း လျှပ်စစ်ယာဉ်ပျံ electric vertical take-off and landing (eVTOL) အမျိုးအစား ဖြစ်ပါတယ်။ စုစုပေါင်း ပန်ကာ ၈ လုံး သုံးစွဲထားပြီး ယာဉ်ရဲ့ထောင့် ၄ ထောင့်မှာ ပန်ကာ ၂ လုံးစီ တပ်ဆင်ပေးထားပါတယ်။ 
ကာဘွန်ဖိုင်ဘာဖြင့် တည်ဆောက်ထားပါတယ်။ အမြင့် မီတာ ၁,၀၀၀ (ပေ ၃,၂၈၁) အထိ ပျံသန်းနိုင်ပြီး တစ်နာရီ ကီလိုမီတာ ၁၃၀ (၈၁ မိုင်) အထိ ပြေးနိုင်ပါတယ်။
Source  REUTERS 

 

Read 382 times