ထိုင်းမှာ ရေကြီး‌ရေလျှံသဖြင့် ကားအသစ်များ ရောင်းအား ကျဆင်းစေ


ထိုင်းမှာ ရေကြီး‌ရေလျှံသဖြင့် ကားအသစ်များ ရောင်းအား ကျဆင်းစေ


 
ထိုင်းနိုင်ငံတစ်ဝန်းရှိ နေရာအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် ယခုနှစ်မိုးရာသီကုန်ဆုံးချိန် နှစ်ကုန်ပိုင်းအထိ  ကားသစ်ဝယ်ယူရန် ရွှေ့ဆိုင်းထားကြလိမ့်မည်ဟု Toyota Motor Thailand က မျှော်လင့်ထားသည်။

မိုးရွာသွန်းမှုများသည် အများအားဖြင့် ပြည်တွင်း ကားအသစ်များ ရောင်းအားကျစေကြောင်း Toyota က သိရှိထားပြီး ဖြစ်သည်။ ဆောင်းရာသီတွင် ဝယ်လိုအား ပြန်များလာလိမ့်မည်ဟုလည်း အကောင်းမြင်ထားပါသည်ဟု Toyota Motor Thailand ၏ ဒုတိယဥက္ကဋ္ဌ Surasak Suthongwan က ပြောကြားသည်။

“ဝယ်လက်တွေကို ဆွဲဆောင်ဖို့ မော်ဒယ်အသစ်တွေနဲ့ စျေးကွက်ကမ်ပိန်းတွေကြောင့် ထိုင်းနိုင်ငံမှာ ကားရောင်းအားက ဒီနှစ်မှာ တိုးလာမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၂ ဩဂုတ်လ ထိုင်းပြည်တွင်း ကားအသစ် အရောင်းကဏ္ဍတွင် Toyota က ၂၃,၃၅၆ စီး ရောင်းချခဲ့ပြီး ပထမနေရာ ရရှိခဲ့ပါသည်။ ဈေးကွက်ဝေစုမှာ ၃၄.၂% ဖြစ်ပါသည်။

Isuzu သည် ရောင်းအား ၁၅,၈၅၈ စီးဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး ၎င်း၏စျေးကွက်ဝေစုမှာ ၂၃.၂ ရာခိုင်နှုန်းဖြစ်ပါသည်။

 Honda သည် အစီးရေ ၇,၀၇၁ ဖြင့် စျေးကွက်ဝေစု ၁၀.၄ % ဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။
၂၀၂၂ ဇန်နဝါရီမှ ဩဂုတ်လအတွင်း ပြည်တွင်း၌ ကားအစီးရေ ၅၅၉,၅၃၇ စီး ရောင်းချခဲ့ကြောင်း သိရသည်။ 
၂၀၂၂ ဇန်နဝါရီမှ ဩဂုတ်လ ၈ လတာတွင် Toyota က လစဉ်လတိုင်း ပထမ ရရှိခဲ့ပါသည်။ ၈ လတာတွင် စီးရေ ၁၈၅,၆၆၅ရောင်းချခဲ့ပြီး ဈေးကွက်‌စုမှာ ၃၃.၂% ဖြစ်ပါသည်။ 

Isuzu က စီးရေ ၁၄၂.၀၂၉ ရောင်းချခဲ့ပြီး ဈေးကွက်‌စု ၂၅.၄% ရရှိထားသည်။ 

Honda က ၅၄,၄၈၈ စီး ရောင်းချခဲ့ပြီး ဈေးကွက်ဝေစု ၉.၇ % ရရှိပါသည်။
Source Bangkokpost 
#MyanmarAutomobileGuide 

 

Read 225 times