ယခုမိုးရာသီရောက်ရှိနေပြီဖြစ်သောကြောင့် မုန်တိုင်းကြောင့်ဖြစ်စေ၊ မိုးကြီးခြင်းကြောင့်ဖြစ်စေ၊ မြောင်းရေလျှံခြင်းကြောင့်ဖြစ်စေ ရေကြီးမှုများဖြစ်နိုင်ပါသည်။
ထိုသို့ရေကြီးမှုများဖြစ်နေသည့်အချိန်တွင် မိမိကားရေနစ်မြုပ်သွားသည့်အခါပြုလုပ်သင့်သည့် အချက်အလက်များကိုအောက်တွင်ဖော်ပြထားပါသည်။
၁။ကားဘက်ထရီငုတ်များကိုဖြုတ်ထားရန်မမေ့ပါနှင့်။
၂။ရေမြုပ်နေချိန်ကားစက်မနှိုးမိရန်လည်းလိုအပ်ပါသည်။
၃။အော်တိုဂီယာဖြစ်ပါက Pတွင်ထိုးထားပြီး Manual ဖြစ်ပါကနံပါတ် ၁ ထိုးထားပါ။
၄။ကားအတွင်း/အပြင်ကိုဓာတ်ပုံမှတ်တမ်းယူထားပါ။ကားအာမခံအတွက်ဖြစ်စေ၊ ပြန်လည်ပြင်ဆင်ရာတွင်ဖြစ်စေအသုံးဝင်စေပါသည်။
၅။၂၄ နာရီအတွင်းကားကိုခြောက်သွေ့အောင်လုပ်ပါ။
၆။Dashboard အထိရေမြုပ်ခဲ့ပါကမည်သည့်အကြောင်းနှင့်မျှစက်မနှိုးပါနှင့်။
၇။အင်ဂျင်အတွင်းပိုင်း၊ ဆီတိုင်ကီ၊ ဂီယာဘောက်စ်များထဲတွင်ရေဝင်ရောက်မှုရှိ/မရှိစစ်ဆေးပြီးမှ ကားအင်ဂျင်စက်နှိုးရန်ကြိုးစားပါ။
၈။အကောင်းဆုံးမှာရေမြုပ်ထားသည့်ကားကိုကျွမ်းကျင်သူကိုပြသင့်ပါသည်။