ကားမောင်းနေရင်း ဘီးပေါက်ခဲ့ရင်


သတ်မှတ်အမြန် နှုန်းအတိုင်း မောင်းနှင်နေရင်း ဘီးပေါက် သွားရင်တောင် ယာဉ်မတော်တဆမှုဖြစ် နိုင်ပါတယ်။

အဲဒါကြောင့် ကားမောင်းနေရင်း ကားဘီးပေါက်ခဲ့မယ်ဆိုရင် ရှောင်သင့်ဆောင်သင့်တာလေးတွေရှိပါတယ်။

ကားမောင်းနေရင်း ဘီးပေါက်ပြီဆိုရင် အရှိန်၊ အမြန်နှုန်းနဲ့ ဝန်အပေါ်မူတည်ပြီး ယာဉ်မတော်တဆမှုတွေ ဖြစ်လာနိုင်ပါ တယ်။ အရှိန်နဲ့ ဝန်အပိုင်းက ဆက်စပ်မှုရှိ ပြီး အမြန်နှုန်းမြင့်မားတာကတော့ ယာဉ်မတော်တဆဖြစ်စေတဲ့ အဓိက အချက်ဖြစ်တယ်။

အရှိန်ပြင်းမောင်းလာတဲ့ယာဉ်ဟာ မတော်တဆမှုကြုံရတဲ့အခါ လမ်းဘေးကို ဆွဲကပ်သွားပြီး တစ်ခုခုနဲ့ တိုက်နိုင်သလို အရှိန်များနေတာကို ဘရိတ်အလွန်အကျွံသုံးလိုက်ရင် ယာဉ်တိမ်းမှောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကြိုတင်ကာကွယ်မှုအနေ နဲ့ သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းဖို့နဲ့ လေပေါင်ချိန်နဲ့ တာယာတွေကို အမြဲစစ်ဆေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဝန် တင်ဆောင်ထားတာများတဲ့ယာဉ်တွေမှာ အမြန်နှုန်း မြင့်မားသလောက် အရှိန်ထိန်း ချုပ်ဖို့ ခက်ခဲပါတယ်။ သတ်မှတ်နှုန်းထက် ၁၀ ကီလိုလောက် လျှော့မောင်းတာ အကောင်းဆုံး ဖြစ်ပါတယ်။

ဘီးပေါက်မှာကို ကြိုတင်မသိနိုင်တာ ကြောင့် ကြိုတင်ကာကွယ်တာတွေ လုပ်ထားရပါမယ်။ ထိုင်ခုံ ခါးပတ် တပ်ဆင် စီးနင်းတာ၊ ဝန်ပိုတင်ဆောင်တာမျိုး မပြုလုပ်တာ၊ ကျွမ်းကျင်သူကသာ တာဝန်ယူမောင်းနှင်တာတွေ လုပ်ဆောင်သင့်ပါတယ်။ အဲသည်လိုအ နေအထားမှာ ဘရိတ်ကို တစ်ချက်တည်း ဖိနင်းလိုက်တာထက် အနေအထားအလိုက်တော့ပြီး ဖြည်းဖြည်းချင်းလျှော့ချတတ်ဖို့ လိုအပ်ပါတယ်။

ဘရိတ်ကို အား ကုန်ဖိနင်းတာက ဟန်ချက်မမှန်တော့တဲ့ ယာဉ်ကိုတွန်းလှဲလိုက်သလို ဖြစ်နိုင်ပါ တယ်။ ဒါကြောင့် ယာဉ်ရဲ့ဟန်ချက်ကို ထိန်းပြီး ဘရိတ်ကို မှန်မှန်အသုံးပြုတတ် ဖို့ပါပဲ။ ဘရိတ်မနင်းခင် ဂီယာသေးကို လျှော့ချလိုက်သင့်တယ်။ အော်တိုဖြစ်ပါက D ကနေ ၂ ကိုပြောင်းလိုက်တာမျိုးပါ။ အဲဒါက ကားရဲ့အရှိန်ကို လျော့ကျစေပြီး ဘရိတ်အသုံးချတဲ့အပေါ် အထောက်အကူ ဖြစ်ပါတယ်။ 

Read 2951 times