Toyota Land Cruiser (FJ40) မှဆင်းသက်လာသည့် FJ Cruiser သည် off-Road အတွက်ရည်ရွယ်ထုတ် လုပ်ထားသောကြောင့်ကြံ့ခိုင်မှုနှင့်အကြမ်းခံမှုကိုအလေးထားပြီးထုတ်လုပ်ထားပါသည်။
FJ Toyota Cruiser ကို 2WD နှင့် 4WDနှစ်မျိုးထုတ်လုပ်ထားပြီး 2WDမှာတော့ Auto Gear နှင့်သာထုတ်လုပ်ထားပါသည်။
4WD မှာ Auto Gear သာမက Manual Gear နှင့်ပါထုတ်လုပ်ထားပြီး မြန်မာပြည်ဈေးကွက်တွင် 4WD Auto Gear ကိုလူကြိုက်များပါသည်။
အင်ဂျင်ပါဝါ ၄၀၀၀ စီစီတစ်မျိုးတည်းသာထုတ်လုပ်ထားပြီး ဆီစားနှုန်းများအနေဖြင့် တစ်ဂါလန်လျှင်မြို့တွင်း ၂၇ ကီလိုနှင့် မြို့ပြင် ၃၂ ကီလိုအထိမောင်းနှင်နိုင်ပါသည်။
FJ Cruiser ကတံခါးလေးချက်ပုံစံမဟုတ်ပဲရင်ကွဲပစ်ကပ်များကဲ့သို့တံခါးနှစ်ချပ်(ရင်ကွဲတံခါး)ပုံစံနှင့် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
ယင်းကားမှာ Toyota RAV 4ထက်အရွယ်အစားကြီးပြီး Highlander ထက်သေးပါသည်။
FJ Cruiser မှာ Colour Package, Black Colour Package, Off-Road Package, Base Gradeစသောဂရိတ်ခွဲများရှိသော်လည်း ဂရိတ်အားလုံးမှာထူးထူးခြားခြားပြောင်းလဲသွားခြင်းမရှိပါ။
ပုံမှန်အားဖြင့် ၁၇ လက်မစတီးခွေ၊ 2 Tone Colour၊ စပီကာခြောက်လုံးစသည်တို့ပါဝင်ပါသည်။
ကားအရွယ်အစားကြီးမားသည့်အတွက်ရှေ့မှန်တွင်ဝိုက်ပါသုံးချောင်းတပ်ဆင်ထားပါသည်။
Colour Package နှင့် Black Colour Package များတွင် Cruise Control , Back Camera များပါသွားပြီးလည်သာစတီယာရင်လည်းဖြစ်သွားပါသည်။
Toyota FJ Cruiser 2012 မိုဒယ်ညာမောင်းကိုစလစ်ကပ်ပြီး အမည်ပေါက်တင်သွင်းမည်ဆိုပါကကားတန်ဖိုး၊ စလစ်ဖိုး၊ အခွန်များနှင့် တခြားစရိတ်များပေါင်းလိုက်ပါက ကျပ်သိန်းရှစ်ရာနှင့် ၈၅၀ ကြားကျသင့်မည်ဖြစ်ပါသည်။