ကလေးနည်းပညာတက္ကသိုလ်ကျောင်းသားများ ပထမဆုံးတီထွင်လိုက်သည့် ဆိုလာစနစ်သုံးကား


ကလေးနည်းပညာတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား ၊ ကျောင်းသူများမှ လူငါးဦးစီးနိုင်သော ဆိုလာစနစ်သုံးကားကို တီထွင်ခဲ့ကြပါသည်။
အီလက်ထရွန်နစ်ဌာန ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကဆိုလာသုံးကားကို စုပေါင်းတီထွင်ကာ တည်ဆောက်မှုကာလာ ၂ လကြာမြင့်ခဲ့ပြိး ကုန်ကျစရိတ်ကျပ် ၂၅ သိန်းရှိကြောင်း ကားတီထွင်ခဲ့သော ကျောင်းသားကျောင်းသူများထံမှသိရသည်။

ကားအမိုးတွင် ဆိုလာပြားများ တပ်ဆင်ကာ တစ်နာရီလျှင် ကီလိုမီတာ ၆၀ အထိမောင်းနှင်နိုင်သည့်ကားကို တီထွင်ထားခြင်းဖြစ်ကြောင်းသိရသည်။

ထိုကားမှာကလေးမြို့နယ်တွင် ဆိုလာစနစ်ဖြင့် မောင်းနှင်နိုင်သော ပထမဆုံးအိမ်စီးကားဖြစ်ကြောင်း ဆိုလာကားတီထွင်ခဲ့သည့် ကျောင်းသားအဖွဲ့ခေါင်းဆောင်မှ ပြောကြားသည်။

ဆိုလာစနစ်သုံးကားသည် လျှပ်စစ်ဖြင့် အားသွင်းမောင်းနှင်နိုင်သည့် ကားဖြစ်ပြီး ကျောင်းကား၊ ခရီးသည်ကား၊ ဂေါက်ကွင်းနှင့် ဟိုတယ်များတွင်လည်း အသုံးပြုနိုင်သောကြောင့် ကလေးမြို့စက်မှုဇုန်ရှိ လုပ်ငန်းရှင်အချို့က အစီးရေများစွာထုတ်လုပ်ရောင်းချရန်အတွက် စိတ်ဝင်စားလျှက်ရှိကြောင်း နည်းပညာတက္ကသိုလ်(ကလေး)အီလက်ထရွန်နစ်ဌာ ကထိကဌာနမှုးမှ ပြောပြချက်အရသိရသည်။

ဆိုလာစနစ်သုံးကားသည် ကုန်ကျစရိတ်၊ ပြင်စင်စရိတ် သက်သာပြီး မိုးရာသီတွင်ပါ သွားလာနိုင်သောကြောင့် တာဝန်ရှိသူများအနေဖြင့် လိုင်စင်ထုတ်ပေးစေလိုကြောင်း ဆိုလာကားတီထွင်ခဲ့သည့် ကျောင်းသားအဖွဲ့ခေါင်းဆောင်က ဆက်လက်ပြောကြားသည်။
 

Read 974 times