ဘန်ကောက်တွင် ၈ နှစ်အတွင်း ပထမဆုံးအကြိမ် တက္ကဆီငှားရမ်းခ တိုးမည်


ဘန်ကောက်တွင် ၈ နှစ်အတွင်း ပထမဆုံးအကြိမ် တက္ကဆီငှားရမ်းခ တိုးမည်

 

 လက်လီအရောင်း ကုန်ဈေးနှုန်း  မြင့်မားလာချိန်တွင် တက္ကဆ‌ီယာဉ်မောင်းများ လောင်စာဆီဖိုးနှင့် နေထိုင်မှုစရိတ်စကများကို ရင်ဆိုင်ဖြေရှင်းနိုင်စေရန် မြို့တော်ဘန်ကောက်ရှိ တက္ကစီအော်ပရေတာများကို ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တက္ကဆီအခကြေးငွေ တိုးမြှင့်ခွင့်ပြုမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်ကတည်းကစ၍ ယခုအချိန်အထိ တက္ကဆီငှားရမ်းခ တိုးမြှင့်ခြင်း မရှိသဖြင့် တက္ကဆီယာဉ်ဦးရေ လေးပုံတစ်ပုံကျော်တို့က အခြားအလုပ် ပြောင်းလုပ်ကြသည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Sorapong Paitoonphong က ကြာသပတေးနေ့ (စက်တင်ဘာလ ၁ ရက်) တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

 

ငှားရမ်းခ တိုးမြှင့်ရာတွင် တက္ကဆီငှားစီးသူများ အကြီးအကျယ် မထိခိုက်အောင် ချိန်ညှိမည်ဟု ၎င်းက ပြောကြားသည်။

 

 ငှားစီးသူများက ခရီးတို ငှားကြသူများပြီး ငှားသည့်ကြိမ်ရေ လျော့ကျနေသည်။ ဘန်ကောက်တွင် မီတာတက္ကဆီ နေ့စဉ် စီးရေ ၈၀,၀၀၀ ရှိခဲ့ရာမှ ၆၀,၀၀၀ သို့လျော့ကျသွားကြောင်း ၎င်းက ပြောကြားသည်။

 

Source Bloomberg

#MyanmarAutomobileGuide 

Telegram Channel  https://t.me/Guid4U

Read 1456 times