ဗီယက်နမ်တွင် ပထမဆုံးလျှပ်စစ်မော်တော်ဆိုင်ကယ် ပစ္စည်းပို့ ဝန်ဆောင်မှု စတင်
ဗီယက်နမ်တွင် ပထမဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ်ဖြင့် ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်ပါတယ်။ ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီ Ahamove က အီးဗီထုတ်လုပ်ရေး လုပ်ငန်း VinFast နှင့် စီးပွားဘက်အဖြစ် ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ပစ္စည်း လိုက်လံပေးပို့မယ့် လုပ်ငန်း ဖြစ်တဲ့ AhaFast ကို ထူထောင်ပြီး လုပ်ငန်းစတင်လည်ပတ်ပါတယ်။
ဗီယက်နမ်မှာ လျှပ်စစ်မော်တော်ဆိုင်ကယ် e-bike များကိုသာ အသုံးပြုတဲ့ အဦးဆုံး delivery service ဖြစ်ပါတယ်။ ၂၀၂၂ စက်တင်ဘာလ ၁၅ ရက်မှာ AhaFast က ဒါနမ်မြို့မှာ လျှပ်စစ် Feliz S မော်ဒယ် e-bike အစီး ၁၀၀ ဖြင့် လုပ်ငန်း စတင်ပါတယ်။ Feliz S လျှပ်စစ်မော်တော်ဆိုင်ကယ်များကို VinFast က ထုတ်လုပ်ပြီး ပံ့ပိုးပါတယ်။
အနာဂတ်တွင် ဟနွိုင်း၊ ဟိုချီမင်း၊ Hai Phong နှင့် Nha Trang တို့ကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ မိခင်လုပ်ငန်း Ahamove က e-bike စီးရေ ၁၀,၀၀၀ ကို ၂၀၂၅ မတိုင်ခင် လုပ်ငန်းမှာ ဖြည့်တင်းဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ လက်ရှိသုံးစွဲနေတဲ့ ဓာတ်ဆီအင်ဂျင် မော်တော်ဆိုင်ကယ်များကို e-bike များဖြင့် အစားထိုးသွားမှာ ဖြစ်ပါတယ်။
Feliz S e-bike ဘက်ထရီ အားအပြည့်ဖြည့်ထားပြီးရင် ခရီးတာ ကီလိုမီတာ ၂၀၀ အထိ သွားနိုင်ကြောင်း VinFast က ပြောကြားပါတယ်။ Feliz S e-bike ကို ရေလုံအောင် လုပ်ပေးထားလို့ လမ်းပေါ်မှာ ရေကြီးနေချိန် ရေထဲ မောင်းနှငါနိုင်ကြောင်း၊ မိုးသည်းသဖြင့် စိုစိုရွှဲတဲ့ ဒဏ်လည်း ခံနိုင်ကြောင်း VinFast က ပြောကြားပါတယ်။
Source vnexpress
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U